31 January 2025

,

လက်ရှိဘိုင်ယန်မြူးနစ်အသင်းရဲ့ခြေစွမ်းဟာ နည်းပြမလိုလောက်အောင် အသင်းလိုက်စုစည်းအားကောင်းတယ်လို့ အသက် ၆၀ အရွယ် ဂျာမန်ဂန္ထဝင်ကစားသမား လိုသာ မားသီးယက်စ် ကဆိုပါတယ်။

“ဒီအသင်းဟာ နည်းပြမပါဘဲ ပွဲစဉ်တိုင်းလိုလိုကျော်လွှားနိုင်တယ်” လို့ လိုသာက ယုံကြည်မှုအပြည့်နဲ့ပြောပါတယ်။

“တသင်းလုံးဟန်ချက်ညီညီတိုးတက်လာတယ် ကစားသမားတွေလည်းဓာတ်တည့်ကြတယ် အရမ်းကောင်းလွန်းတဲ့အသင်းလိုက်စုစည်းအားက သူတို့အတွက်နည်းပြတောင်မလိုလောက်ဘူးလို့ ကျတော်ထင်တယ်” လို့ လိုသာကစကိုင်းစပေါအားကစားသတင်းဌာနကိုပြောပါတယ်။

“ထိရောက်မှုရှိလားဆိုတော့ ရှိတာပေါ့ ဒါပေမဲ့ အရာရာကကောင်းတဲ့ဘက်ကိုဖြစ်မလာတဲ့အခါ နည်းပြရှိတာကတော့ပိုကောင်းတာသေချာပါတယ်” ဆိုပြီး ပြောပါတယ်။

“လက်ရှိဘိုင်ယန်မြူးနစ်အသင်းရဲ့ခြေစွမ်းကတော့အံ့မခန်းစရာဖြစ်ပါတယ်။ သူတို့ရဲ့ပျမ်းမျှသွင်းဂိုးဟာ တစ်ပွဲကို ၄.၉ ဂိုးအထိမြင့်မားနေတာပါ။ ကစားကွင်းရဲ့ဘယ်နေကမဆိုတိုက်စစ်ဆင်ဖို့သူတို့အသင့်ဖြစ်နေကြသလို ခံစစ်လည်းလုံတယ်။ ဖလားတိုင်းကိုဆွတ်ခူးဖို့အသင့်ဖြစ်နေတယ်ဆိုတာ သံသယဝင်စရာမရှိသလောက်ပါပဲ” လို့ ဆက်လက်မှတ်ချက်ပေးပါတယ်။

သတင်း ဝမ်းဇီ

SHARE THIS NEWS

OTHER NEWS