လာမယ့်ဒီဇင်ဘာလဆန်းပိုင်းမှာကျင်းပမယ့် ၂၀၂၀ ဆူဇူကီးဖလားပြိုင်ပွဲအတွက် ဂျေလိဂ်နဲ့ကေလိဂ်မှာကစားနေတဲ့ ထိုင်းကစားသမားသုံးကိုခေါ်ယူအားဖြည့်မယ်လို့ ထိုင်းနည်းပြ ဆို။
ဂျပန်ဂျေလိဂ်အသင်းတစ်သင်းဖြစ်တဲ့ ရိုကိုဟားမား အက်ဖ် မာရီနော့ဖ်ဘယ်နောက်ခံယူ ထီရာထော် ဘွန်မာထန်အပါအဝင် ကွန်ဆာဒိုလေ စပ်ပိုရိုအသင်း ကွင်းလယ်ဖန်တီးရှင် ချနာထစ် စွန်းကရစင်းနဲ့ကေလိဂ်အသင်းတစ်သင်းဖြစ်တဲ့ ဂျုံဘတ် ဟွန်ဒိုင်း မော်တာအသင်း ဘယ်နောက်ခံလူ ဆာဆာလတ် ဟိုင်းပရာခွန်တို့ကို ခေါ်ယူအားဖြည့်မယ်လို့ အသက် ၄၅ နှစ်ရှိ တိုက်ဆင်စစ်သူကြီး မာနို ဖလိုကင် က ဆိုပါတယ်။
“တတ်နိုင်သလောက်အကောင်းဆုံးကစားသမားတွေကိုခေါ်ယူသွားမယ် ဒီကိစ္စနဲ့ပတ်သက်လို့ သူတို့ရဲ့ကလပ်အသင်းနဲ့ဆွေးနွေးရမယ် ကစားသမားတွေကိုခေါ်ယူဖို့ကိစ္စကို အသင်းမန်နေဂျာ မာဒမ်ပမ် ကြိုးပမ်းပေးနေပါတယ် အဆုံးသတ်ကစားသမားအမည်စာရင်းကိုတော့ နိုဝင်ဘာ ၂၄ ရက်နေ့မှာကြေညာသွားမှာပါ” လို့ နည်းပြကြီးကဆိုပါတယ်။
သတင်း ဝမ်းဇီး