26 April 2024

ထိုင်းကျွမ်းကျင်လုပ်သားဦးရေ ၈ သန်း အမြန်ဆုံးခေါ်ယူနိုင်ရေးအတွက် ၂ လအတွင်း နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရန် ထိုင်းအစိုးရအား ဆော်ဒီအာရေဗျအစိုးရ တိုက်တွန်း။

ဆော်ဒီအာရေဗျနိုင်ငံရှိ ဝန်ဆောင်မှုလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း၊ စက်ရုံအလုပ်ရုံလုပ်ငန်းအပါအဝင် အကြီးစားဆောက်လုပ်ရေးလုပ်ငန်းများတွင် အလုပ်ခန့်ထားနိုင်ရန်ထိုင်းနိုင်ငံ မှကျွမ်းကျင်လုပ်သားဦးရေ ၈ သန်း အမြန်ဆုံးခေါ်ယူနိုင်ရေးအတွက် လာမည့် ၂ လအတွင်း ထိုင်း-ဆော်ဒီ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ (MoU) ရေးထိုးနိုင်ရန် ဆော်ဒီအစိုးရက ထိုင်းအစိုးရကို တိုက်တွန်းထား သည် ဟု ထိုင်းပြန်ကြားရေးညွှန်ကြားရေးမှူးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဌာနီ စဲရတ် ကပြောကြားခဲ့ကြောင်း Thai7HD သတင်းဌာနကဖော်ပြထားသည်။

ဆော်ဒီအစိုးရ၏အဆိုပြုချက်ကို ထိုင်းအစိုးရဘက်က ပူးပေါင်းဆောင်ရွက်မှုပေးလျင် ထိုင်းလုပ်သာများအတွက် ကြီးမားသည့်အလုပ်အကိုင်အခွင့်အလမ်းအသစ်ပေါ်ပေါက်လာမည်ဖြစ်ပြီး နှစ်နိုင်ငံလုံးအတွက် အကျိုးဖြစ်ထွန်းမှုရှိလာမည်ဟု ၎င်းကဆိုသည်။

ထိုင်းလုပ်သားခေါ်ယူရေးအပြင် စက်မှုလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ကျန်းမာရေးဝန်ဆောင်လုပ်ငန်း စသည့်လုပ်ငန်း ၄ ခုတွင် ထိုင်းအစိုးရနှင့်ပူးပေါင်းလုပ်ကိုင်ရန် ဆော်ဒီဘက်မှဆန္ဒရှိ၍ ယင်းကဏ္ဍလေးခုရှိထိုင်းလုပ်ငန်းရှင်များအတွက် အခွင့်လမ်းကောင်းတစ်ရပ်ဖြစ်သည်ဟု ဆက်လက်ပြောကြားသည်။

ယခင်က ဆော်ဒီအာရေဗျနိုင်ငံတွင် သွားရောက်လုပ်ကိုင်နေသည့် ထိုင်းလုပ်သား ၃ သိန်းဦးအထိရှိခဲ့ပြီးထိုင်းနိုင်ငံသို့ နှစ်စဉ် ဘတ် ၉ ဘီလျံပြန်ပို့နိုင်သည်ဟု ဆိုသည်။

ထိုင်း-ဆော်ဒီနှစ်နိုင်ငံအကြား ၂၀၂၁ ခုနှစ်ကုန်သွယ်မှုတန်ဖိုးသည် ကန်ဒေါ်လာ ၆.၄၉၈ လီလျံရှိခဲ့ပြီး ပို့ကုန်တန်ဖိုး ၁.၄၉၄ ဘီလျံ၊ သွင်းကုန်တန်ဖိုး ၅.၀၀၃ ဘီလျံရှိသည်။ဆော်ဒီသည် ကမ္ဘာပေါ်တွင် ထိုင်းနိုင်ငံ၏ ၁၇ နိုင်ငံမြောက်အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်သည့်အပြင် အရှေ့အလယ်ပိုင်းနိုင်ငံများ အနက် ဒုတိယအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်သည်ဟု သိရှိရသည်။

တဆက်တည်းတွင် အာရပ်နိုင်ငံများထဲတွင်အကြီးမားဆုံးစီးပွားရေပမာဏကိုပိုင်ဆိုင်ထားသောဆော်ဒီအာရေဗျသည် ထိုင်းနိုင်ငံ၏အရေးပါသောဉီးတည်ဈေးကွက်တစ်ခုဖြစ်ပြီး ထိုင်းစားသောက်ကုန်တင်ပို့မှုအတွက်အဓိကဈေးကွက်တစ်ခုလည်းဖြစ်ကာ စွမ်းအင်ကဏ္ဍနှင့်စားသောက်ကုန်ကဏ္ဍတွင်ဆော်ဒီနှင့်ကုန်သွယ်မှုကို အရှိန်မြှင့်တင်အကောင်အထည်ဖော်သွားမည်ဟု ထိုင်းစီးပွားကူးသန်းဝန်ကြီးကျူရင် လတ်စနဝိစစ် ကဆိုသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS