10 May 2024

အထူးအဆန်း တရုတ်ရှိခိုး ကြက်ကြော်ရေခဲမုန့် ကို Swensen’s က ရောင်းချ

 

 

ဒီတစ်ခါတော့ တရုတ်နှစ်သစ်ကူးနေ့ကို ကြိုဆိုတဲ့အနေနဲ့ “တရုတ်ရှိခိုး ကြက်တစ်ကောင်လုံးကြော်ပုံစံ ရေခဲမုန့်”ကို မိတ်ဆက်လိုက်ပါတယ်။

ကြက်ကြော်ရေခဲမုန့်၏အသားအပိုင်းကတော့ vanilla ရေခဲ့မုန့်အသားဖြစ်ပြီး အသွင်အပြင်ကြက်သားရေကို မွှေးကြိုင်ချိုမြသော cornflake caramel နဲ့ပြုလုပ်ထားပါတယ်။

အထဲမှာတော့ ချောကလက်နှင့် ချိုချဉ်စတော်ဘယ်ရီယိုလည်းပါရှိပါတယ်။

 

 

စိတ်ဝင်စားသူများအတွက်တော့ မြန်မြန်ဝယ်ယူရပါမယ်။ ဘာကြောင့်လဲဆိုတော့ ဤ တရုတ်ရှိခိုး ကြက်ကြော်ရေခဲမုန့်က Limited Edition ဖြစ်ပြီး ကန့်သတ်ရောင်းချတာကြောင့်ပါ။ အချို့သော ဆိုင်ခွဲများတွင်သာ ရောင်းချနေပါတယ်။

ယနေ့မှစ၍ ဇန်နဝါရီလ 22 ရက်နေ့အထိ ရောင်းချပေးမည်ဖြစ်ပြီး ကြက်ကြော်ရေခဲမုန့် တစ်ကောင်လျှင် ၅၉၉ ဘတ်ပါ။

ကြက်ကြော်ရေခဲမုန့် ရရှိနိုင်သော Swensen’s ဆိုင်ခွဲများကို ကြည့်ရန်: https://bit.ly/SWFriedChicken

SHARE THIS NEWS

OTHER NEWS