5 May 2024

ကိုစိုးဝင်းနိုင်(ခ) ခေါခေါ နှင့် မဖူးပွင့်ဖြူ(ခ)နော်ဖူး အပါအဝင် ၉ ဦးကို စစ်တပ်ကဖမ်းဆီးသွားတယ်လို့ ရန်ကုန်ခေတ်သစ်မီဒီယာကဖော်ပြထားပါတယ်။

သူတို့ကို ဧပြီလ ၆ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် စစ်ကောက်စီမှ ဗိုလ်ကြီး ဖုန်းနိုင်ကျော် ၊ ဗိုလ်ကြီး အောင်ဖြိုးသူတို့ ဦးစီးသောအဖွဲ့၊ မြ၀တီမြို့နယ်မှူး ရဲမှူး မျိုးမင်းဇော် ၊ နယ်ထိန်းအရာရှိ ရဲအုပ် ဝင်းညွန့်အောင်တို့ ဦးစီးအဖွဲ့သောအဖွဲ့၊ BGF ၁၀၁၇ ဗိုလ်မှူး စောဒီးဒီး ဦးစီးအဖွဲ့တို့အဖွဲ့က မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အာရှလမ်းလမ်းနှင့် အောင်မြေ ရွှေဘုံလမ်းထောင့် ရှိ နေအိမ်ကို ဝင်စီးခဲ့ပြီး အဖမ်းခံရတယ်လို့ ဖော်ပြချက်ရသိရပါတယ်။

ကိုစိုးဝင်းနိုင်(ခ)ခေါခေါ ၊ မဖူးပွင့်ဖြူ(ခ)နော်ဖူး တို့ကို သင်္ကန်းညီနောင်တွင် ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ကို ခိုင်ဇော်လင်း ၊ ကိုရဲဇော်ထွန်း(ခ)ဝတုတ် ၊ ကိုစောချမ်းမြေ့အောင်၊ ကိုပြည်သိမ်းထွဋ် ၊ကိုအာကာမင်း ၊ကိုရဲလင်းဦး (ခ) သားကြီး၊ ကိုနေလင်းထွန်း(ခ)ဝတုတ် တို့က မြ၀တီတွင် စစ်တပ်က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

.

Source: Khit Thit Media

SHARE THIS NEWS

OTHER NEWS