26 April 2024

အောက်တိုဘာ ၁၁ ရက်၊ ၂၀၂၂

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် မင်မြို့ နောင်ရီကျေးရွာအုပ်စု ၄ ဝပ်နောင်ရီလမ်းသွယ်ရှိ ကုန်စုံဆိုင်ပိုင်ရှင်အသတ်ခံရမှုဖြစ်ပွားခဲ့ပါတယ်။ အသတ်ခံရသူမှာ အသက် ၅၇ နှစ်ရှိ ထိုင်းနိုင်ငံသား အန်ချရီ ဟု သိရပါတယ်။

 

 

ကုန်စုံဆိုင်ဘေးနှစ်ဖက်မှာတော့မြန်မာအလုပ်သမားနှင့် ကမ္ဘောဒီယားအလုပ်သမားများနေထိုင်ကြပြီး အောက်တိုဘာ ၈ ရက်နေ့ ည ၆ နာရီခွဲအချိန်ခန့်တွင် ပစ္စည်းလုယက်မှုအပြင် လူသက်မှုတခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသဖြင့် တာဝန်ရှိသူများကသွားရောက်စစ်ဆေးခဲ့ရာမှာ ဈေးဆိုင်အနောက်ဖက်တံခါးဝတွင် အသက် ၅၇ နှစ်အရွယ် ဈေးဆိုင်ပိုင်ရှင်မှာ နှာခေါင်းနဲ့နှာဖူးတို့တွင် ဒဏ်ရာများကိုတွေ့ရသလို ဆိုင်ပိုင်ရှင်တပ်ဆင်သည့် သွားအတုပါထွက်ကျနေပြီး အနီးနားတွင် အရှည် ၇၅ စင်တီမီတာရှိသည့် သစ်သားတုတ်တချောင်းကိုလည်းတွေ့ရကြောင်း ချွန်ဘူရီခရိုင် သတင်းရင်းမြစ်များကဖော်ပြထားပါတယ်။

လူသတ်တရားခံကို စုံစမ်းဆေးစစ်ပြီးနောက် ပြစ်မှုကျူးလွန်သူမှာ အသက်၂၄ နှစ်အရွယ်ရှိမြန်မာလုပ်သားဖြစ်ကြောင်းသိရပါတယ်။ တရားခံဖြစ်သူ နိုင်ထွန်းထွန်း လက်ထဲမှာလဲ သေဆုံးသူထံမှ လုယက်သွားတဲ့ ရွှေဖြင့်ပြုလုပ်ထားသည့် ဘုရားပုံတော်လော်ကတ်၊ဆွဲကြိုးလက်စွပ်များအပြင် ဘတ်ငွေ ၂၀,၀၀၀နဲ့အတူ စမွတ်ပရာကန်တွင် ဖမ်းဆီးရမိခဲ့ဖြစ်ကြောင်းဖော်ပြချက်အရသိရပါတယ်။

 

 

မြန်မာလုပ်သား ထွက်ဆိုချက်အရ “သူ့မှာ အလုပ်လက်မဲ့ဖြစ်ပြီး သုံးစွဲဖို့ ငွေကြေးမရှိသဖြင့် သေဆုံးသူကို သစ်သားတုတ်နဲ့ရိုက်ပြီး ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့တယ်ဟု ဆိုပါတယ်။

တရားခံကို မွန်းလွဲ ၂နာရီခန့်တွင် အမှုဖြစ်စဉ်နှင့်ပက်သတ်ပြီး သရုပ်ပြရန် တာဝန်ရှိသူများက ပြစ်မှုကျုးလွန်သူကို အခင်းဖြစ်ပွားသည့်နေရာသို့ခေါ်ဆောင်လာရာ မကျေနပ်သည့် ဒေသခံများနှင့်သေဆုံးသူ၏ဆွေးမျိုးအပါဝင်လူ ၃၀၀ နီးပါး က စောင့်ဆိုင်နေသဖြင့် ပြစ်မှုကျူးလွန်သူ နိုင်ဂျက်အတွက် အန္တရာယ်ရှိနိုင်သဖြင့် ယင်းအစီစဉ်ကိုဖျက်သိမ်းခဲ့ရကြောင်းသိရပါတယ်။

အသတ်ခံရသူ အသက် ၅၇ နှစ်ရှိ အန်ချလီ ဟာစိတ်စေတနာကောင်းရှိပြီး ပြစ်မှုကျူးလွန်သူလည်း ဆိုင်တွင် ထမင်းလာစားခြင်း ၊ ဈေးလာဝယ်ခြင်းများရှိရာ ယခုလုပ်ရပ်မှာ လက်မခံနိုင်ကြောင်း သေဆုံးသူ၏ ဆွေမျိုးများကပြောသလို သေဆုံးသူ၏ သားဖြစ်သူကလည် တရားခံအပေါ်အခဲမကြေဖြစ်နေကြောင်း သိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

ဓါတ်ပုံ – เพื่อนข่าวเรารักกันชลบุรี

SHARE THIS NEWS

OTHER NEWS