30 April 2024

တာချီလိတ်မြို့ နာမည်ကြီးဖျော်ဖြေရေးနေရာအနီးရှိ တည်းခိုခန်းတစ်ခုတွင် ထိုင်းအမျိုးသမီးတစ်ဦးက ချစ်သူထိုင်းအမျိုးသားကို ဓားဖြင့်ထိုးသတ်မှုဖြစ်ပွား။

ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့ မနက် ၄ နာရီခွဲအချိန်တွင် မြန်မာနိုင်ငံ တာချီလိတ်မြို့ရှိ တည်ခိုခန်းတစ်ခု အတွင်း၌ စမွတ်ပရာကန်သူ ထိုင်းအမျိုးသမီးတစ်ဦးက ချစ်သူထိုင်းအမျိုးသားကို ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွားခဲ့သည်ဟု ထိုင်းမြောက်ပိုင်းအခြေစိုက် မယ်ဆိုင်နယူးစ် သတင်းဌာန က ဖော်ပြထားသည်။

 

လူသတ်မှုဖြစ်ပွားသည်ဟု တိုင်ကြားချက်ရရှိပြီးနောက် အခင်းဖြစ်ပွားရာနေရာသို့ နယ်မြေခံနာရေး ကူညီမှုအသင်းသားများက အားချင်းသွားရောက်စစ်ဆေးခဲ့ပြီး ရောက်ရှိသွားချိန်တွင် ရင်ဘတ်တွင်ဓားထိုး ဒဏ်ရာကြောင့်သေဆုံးနေသောအမျိုးသားတစ်ဦး၏ အနီးတွင် ထိုင်းငိုနေသောအမျိုးသမီးကို တွေ့ရှိခဲ့ သည် ဟု ဖော်ြပထားသည်။

ထို့နောက် ရင်ခွဲစစ်ဆေးမှုပြုလုပ်နိုင်ရန်အတွက် အလောင်းကို တာချီလိတ်ဆေးရုံသို့ ပို့ဆောင်ထားသည် ဟု ဖော်ြပထားသည်။

 

 

ထိုင်းအာဏာပိုင်ဘက်မှကိုယ်ရေးအချက်အလက်စစ်ဆေးချက်အရ သေဆုံးသူထိုင်းအမျိုးသားမှာ ထိုင်းနိုင်ငံမြောက်ပိုင်း ဥတ္တရဒစ်ခရိုင်၊ ဖိချိုင်မြို့နယ်၊ ထာ့လတ်ကျေးရွာအုပ်စု၊ မူ-၄၊ အမှတ် ၁၂/၁ တွင်နေထိုင်သူ အသက် ၂၉ နှစ်ရှိသူ “တွန့်”  ဖြစ်သည်ဟု ဆက်လက်ဖော်ြပထားသည်။

SHARE THIS NEWS

OTHER NEWS