3 May 2024

ကိုဗစ်ကူးစက်မှုကြောင့် ၂ နှစ်ကျော်အကြာပိတ်ထားတဲ့ ထိုင်း-မြန်မာနယ်စပ်တွေက မေလအတွင်းမှာ ထိုင်းကိုမြန်မာလုပ်သားတွေ တရားဝင်ပို့ဆောင်နိုင်ခဲ့ပါတယ်။

 

 

မေလ ၁၀ ရက်နေ့ကစပြီး မြန်မာ MoU လုပ်သား ထိုင်းကိုပထမအသုတ်ဖြင့် ဝင်ရောက်ခွင့်ရခဲ့တာပါ။ အဲဒီနေ့မှာ ၂၈၈ ဦးဝင်ရောက်လာပါတယ်။ မြန်မာလုပ်သားတွေ ထိုင်းကို ပထမအသုတ်ဖြင့် ဝင်ရောက်တဲ့နေ့မှာလဲ တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူး၊ မဲဆောက်ရဲမှူးကြီး၊ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ မြန်မာအလုပ်သမားသံအရာရှိတို့က ဝင်လာတဲ့အလုပ်သမားတွေကို သွားရောက်ကြိုဆိုခဲ့ကြပါတယ်။

 

 

မေလ ၁၁ ရက်နေ့မှာ ၃၀၁ ဦး၊ မေလ ၁၉ ရက်နေ့မှာ ၁၅၁ ဦး၊ မေလ ၂၀ ရက်နေ့မှာ၊ ၃၇၆ ဦး၊ မေလ ၂၆ ရက်နေ့မှာ ၃၅၄ ဦးဖြင့် မဲဆောက်-မြဝတီ အမှတ် ၂ ချစ်ကြည်ရေးတံတားကနေ MoU လုပ်သားတွေ ထိုင်းကိုဝင်ရောက်လာကြပါတယ်။

 

 

ထို့အတူ ကော့သောင်း−ရနောင်း လှေဆိပ်ကနေတဆင့် မေလ ၂၄ ရက်နေ့မှာလဲ MoU လုပ်သားတွေ ထိုင်းဘက်ကို လှေနဲ့ကူးပြီး ၂၂၃ ဦးဝင်ရောက်နိုင်ခဲ့ပါတယ်။ မြန်မာလုပ်သားတွေ ဝင်ရောက်တဲ့နေ့မှာလဲ ရနောင်းအုပ်ချုပ်ရေးမှူးကိုယ်တိုင် ဝင်ရောက်လာတဲ့ MoU လုပ်သားတွေကို ပန်းကုံးစွပ်ကြိုဆိုခဲ့ပါတယ်။

 

 

တာ့ချီလိတ်-မယ်ဆိုင်ဘက်ကတော့ MoU စနစ်ဖြင့် လုပ်သားတွေ ဝင်ခွင့်ပြုတာမတွေ့ရသေးပါ။ ဒေသတွင်း စီးပွားရေးမြှင့်တင်ဖို့နဲ့ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးပြန်လည်စတင်ဖို့ လာမယ့် ဇွန် ၁ ရက်ကစပြီး မယ်ဆိုင်နဲ့ အခြားနယ်စပ်စစ်ဆေးရေးဂိတ်တွေကို ပြန်လည်ဖွင့်လှစ်တော့မယ်လို့ ထိုင်း – မြန်မာနယ်စပ်မြို့ကော်မတီ (TBC) က သဘောတူလိုက်ပြီးလို့ သိရပါတယ်။

Andrew KC (ဇွဲကပင်မြေ)

SHARE THIS NEWS

OTHER NEWS