4 May 2024

ထိုင်းနိုင်ငံအရှေ့ပိုင်း ရယောင်းခရိုင်၊ မာ့ပ်တာဖွတ်ကျေးရွားအုပ်စုနယ်မြေအတွင်းရှိ ထိုင်းပင်လယ်ပြင် တွင် စတားပီထရီုလီယံကုမ္ပဏီ၏ ရေအောက်ရေနံစိမ်းသိုလှောင်ကန်မှ ရေနံစိမ်းလီတာ ၄ သိန်းယိုဖိတ်မှု ဖြစ်၊ ဇန်နဝါရီ ၂၈ ရက်နေ့တွင် ယိုဖိတ်ရေနံစိမ်း လီတာ ၁ သိန်း ၈ သောင်းကမ်းခြေရောက်ရှိလာမည်ဟု သတိပေး။

ထိုင်းနိုင်ငံအရှေ့ပိုင်း ရယောင်းခရိုင်၊ မာ့ပ်တာဖွတ်ကျေးရွာအုပ်စုနယ်မြေတွင်တည်ရှိသည့် စတား ပီထရိုလီယံ အများပိုင်ကုမ္ပဏီ၏ ရေအောက်ရေနံစိမ်းသိုလှောင်ကန်မှ ရေနံစိမ်းလီတာ ၄ သိန်း ယိုဖိတ်မှုဖြစ်ခဲ့သည်ဟု သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုထိန်းချုပ်ရေးဦးစီးဌာနထံမှ ပြီးခဲ့သည့်ဇန်နဝါရီ ၂၅ ရက်နေ့ ည ၀၀.၁၀ နာရီအချိန်တွင် သတင်းရရှိကြောင်း အဏ္ဏဝါအရင်းအမြစ်နှင့်ကမ်းခြေဉီးစီးဌာနလက်အောက်ရှိ အဏ္ဏဝါအရင်းအမြစ်နှင့်ကမ်းခြေစီမံအုပ်ချုပ်ရေးရုံး-၁ ညွှန်ကြားရေးမှူး က ယနေ့မနက်၈ နာရီအချိန်တွင် သတင်းထုတ်ပြန်သည်။

ရေနံစိမ်းယိုဖိတ်သည့်နေရာသည် မြောက်လတ္တိကျု ၁၂ ဒီဂရီနှင့်အရှေ့လောင်းဂျီကျု ၁၁.၇၆ ဒီဂရီဖြစ်ပြီးဇန်နဝါရီ ၂၅ ရက်နေ့ည ၂၁.၀၆ နာရီအချိန်တွင်ဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။ OilMap နည်းပညာဖြင့်ခန့်မှန်းချက်အရ ယိုဖိတ်ရေနံစိမ်းလီတာ ၁ သိန်း ၈ သောင်းသည် မယ်ရမ်ဖုံကမ်းခြေမှခေါင်းလဲယာ့-မူကော်စမက်အမျိုးသားဉယျာဉ်အနီးတဝိုက်သို့ဉီးတည်မျှောပါလာပြီး ဇန်နဝါရီ ၂၈ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ကမ်းခြေကိုရောက်ရှိလာမည်ဟု သတိပေးထားသည်။

သံပိုက်လုံးပေါ်တွင်ရှင်သန်နိုင်သည့် ပင်လယ်ရေညှိပင်များကြောင့် ၀.၉ စင်တီမီတာအချင်းရှိအပေါက်တစ်ပေါက်ဖြစ်ပေါ်လာရာမှ ယိုဖိတ်မှုဖြစ်စေသည်ဟု စစ်ဆေးတွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။

စတားပီထရိုလီယံ အများပိုင်ကုမ္ပဏီက ယိုဖိတ်သည့်ရေနံစိမ်းများကို အရေးပေါ်စီမံချက်နှင့်အညီ ကိုင်တွယ်ဖြေရှင်းနေပြီး အနီးအနားတဝိုက်ရှိလုပ်ငန်းအားလုံးကို ရပ်ဆိုင်းထားသည်ဟု ဆိုသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS