26 April 2024

အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်တိုင်းအတွင်း YBS ယာဉ်လိုင်းတွေပေါ်မှာ ခါးပိုက်နှိုက် လုယက်မှုတွေ အရင်ကထက် ပိုမိုများပြားလာပြီး အခုလို ဓားပြမှုကတော့ ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တာပါ

ဖေဖော်ရီ ၂၂ ရက်မှာ ရန်ကုန်မြို့အတွင်း ပြေးဆွဲနေတဲ့ YBS 42 ယာဉ်ပေါ်မှာ အုပ်စုဖွဲ့ဓားပြတိုက်မှု ဖြစ်ပွားခဲတယ်လို့ DVB ကဖော်ပြထားပါတယ်။ ဓားကိုင်ဆောင်ထားတဲ့ လူအုပ်စုမှာယာဉ်မောင်းကို ခြိမ်းခြောက်ပြီး ယာဉ်မောင်းနဲ့ ခရီးသည်တချို့ရဲ့ ရွှေ၊ ငွေနဲ့ ဖုန်းတွေကို အတင်းအဓမ္မဓါးမြတိုက် လုယူသွားတယ်လို့ သိရပါတယ်။

YBS 42 ယာဉ်က ရွှေပြည်သာကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတစ်ခုဖြစ်ပြီး ကားပေါ်မှာ ဓားကိုင်လုယက်သူတွေက ခရီးစဉ်အစကတည်းက ပါလာတာလို့ ခရီးသည်တစ်ဦးက ပြောပါတယ်။
အဲဒီနောက် သုဓမ္မာလမ်းမကြီးပေါ်က အိန္ဒြာမှတ်တိုင်အရောက်မှာ ဓားပြတွေက အသင့်ပါလာတဲ့ ဓားတွေနဲ့ ခြိမ်းခြောက်ပြီး ပစ္စည်းတွေ လုယူခဲ့ကြတာလို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်တိုင်းအတွင်း YBS ယာဉ်လိုင်းတွေပေါ်မှာ ခါးပိုက်နှိုက် လုယက်မှုတွေ အရင်ကထက် ပိုမိုများပြားလာပြီး အခုလို ဓားပြမှုကတော့ ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တာပါ။ ဓါးမြတွေကတော့ YBS ယာဉ်မောင်းသမားရဲ့ ပိုက်ဆံတွေနဲ့ ခရီးသည်အချို့ရဲ့ ဖုန်းတွေ၊ ရွှေတွေ လုယက်ခံလိုက်ရတယ်လို့ သိရပါတယ်။

ကိုချစ် (ဇွဲကပင်မြေ)
Ref: DVB TV News

SHARE THIS NEWS

OTHER NEWS