3 May 2024

စက်တင်ဘာ ၁၂ ရက်၊ ၂၀၂၂

လွန်ခဲ့တဲ့ ၂ လပိုင်းကတည်းက ထိုင်းကိုဝင်ရောက်လာတဲ့ မြန်မာ ၄ ယောက်က ဒေါ်လာအတုကိုင်ဆောင်မှုဖြင့် သုဝဏ္ဏဘူမိလေဆိပ်မှာရှိတဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။ မြန်မာ ၄ ယောက်မှာ အမျိုးသမီးတွေဖြစ်ကြပါတယ်။ မသန်းယုမေ၊ မဖြိုးဇာဝေ၊ မလင်းလင်းဝေနဲ့မခင်ယုမေတို့ဖြစ်ကြပါတယ်။ ထိုင်းဝင်ဖို့ Show Money ပြရမည့်နေရာမှာ အေဂျင်စီကစာအိတ်နဲ့ထည့်ပေးလိုက်တဲ့ တစ်ယောက်ကို ဒေါ်လာ ၅ ရွက်စီကိုထုတ်ပြလိုက်တဲ့နေရာမှာ ဒေါ်လာတွေက အတုဖြစ်နေတဲ့အတွက် ထိုင်းလဝကရဲ့ဖမ်းဆီးခြင်းကိုခံရပြီး၊ စမုပရာကန်ခရိုင်ရှိ IDC အကျဉ်းထောင်သို့ ပို့ဆောင်ခံရပြီး အကျဉ်းကျ အမှုတွေရင်ဆိုင်နေရပါတယ်။

သူတို့ကို ပို့လိုက်တဲ့အေဂျင်စီနာမည်က ဝေယံထူးလို့သိရပြီး၊ တရားမဝင်အေဂျင်စီလဲဖြစ်ကြောင်း မြန်မာနိုင်ငံဘက်က စစ်ဆေးမှုအရ သိရပါတယ်။ အခင်းဖြစ်ပွားတာက ၁၁ ရက် ၂ လ ၂၀၂၂ မှာဖြစ်ပွားခဲ့တာပါ။ မြန်မာပြည်မှာရှိတဲ့ မိသားစုကလည်း အဆက်အသွယ်မရခဲ့ကြပါဘူး။ ၈ ရက်နေ့ ၄ လပိုင်း ၂၀၂၂ လောက်မှာ ဗန်ကောက်မှာရှိတဲ့ မြန်မာအလုပ်သမားသံအရာရှိရုံးကသိရှိပြီးသွားရောက်ကူညီမှုတွေပေးတဲ့နေရာမှာ မသန်းယုမေ အသက် ၂၂ နှစ်နဲ့ မဖြိုးဇာဝေ အသက် ၂၅ နှစ်၊ ထောင်ဒဏ် ၂ နှစ် ၆ လ သို့မဟုတ် ငွေဒဏ် ၅၀၀၀၀ ဘတ် အမိန့်ချခဲ့ပြီးဖြစ်ကာ မြန်မာအလုပ်သမားသံအရာရှိက ငွေပေးဆောင်ကာ ထိုင်းနိုင်ငံ IDC ကနေထုတ်ခဲ့ပြီး မြန်မာပြည်ကို ပြန်ပို့ပေးခဲ့ပြီဖြစ်ပါတယ်။

ကျန်တဲ့ ၂ ယောက်ကတော့ ၂ ဒေါ်လာအတုကိုင်ဆောင်သူအနေဖြင့်စွဲဆိုရုံမကဘဲ ထုတ်လုပ်သူအမှုနဲ့ ထိုင်းဘက်က စွဲဆိုထားတာကြောင့် တရားရုံးထံက ထိုအမှုအတွက် ဆုံးဖြတ်ခြင်းမပြုရသေးပါ။ ကျန်တဲ့ ၂ ယောက်ကို ထပ်မံစွဲဆိုထားတဲ့အမှုက ပုဒ်မ-၂၄၀ ပါ။ ထောင်ဒဏ်တသက်တကျွှန်းကျသွားနိုင်တယ်လို့ ရှေ့နေဦးအောင်မျိုးသန့်က ဆိုပါတယ်။

ငွေတုလက်ဝယ်ထားရှိမှုနဲ့ ထုတ်လုပ်သူအဖြစ် တရားစွဲဆိုခံထားရတဲ့ လင်းလင်းဝေနဲ့ ခင်ယုမေ တို့နှစ်ယောက်ကို ပြစ်ဒဏ်ကလျော့နည်းအောင် မြန်မာသံအမတ်ကြီး လမ်းညွန်ချက်မှုဖြင့် အလုပ်သမားသံအရာရှိ ဦးဆောင်ပြီး မြန်မာရှေ့နေ၊ ထိုင်းရှေ့နေတွေ ကြိုးပမ်းခဲ့ရာကနေ ထိုင်းဘက်မှ ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံထားရတဲ့ မလင်းလင်းဝေနှင့် မခင်ယုမေ တိုနှစ်ယောက်ကို လွတ်မြောက်အောင် ကူညီပေးနိုင်ခဲ့ပြီဟု ဗန်ကောက်ရှိ အလုပ်သမားသံအရာရုံးထံက သိရပြီး၊ သူတို့ ၂ ယောက်ကိုလဲ မြန်မာပြည်ပြန်နိုင်ရေး ဆက်လက်ကူညီဆောင်ရွက်ပေးသွားမယ်ဟု သိရပါတယ်။

ထိုင်းကို အလည်ဗီဇာနဲ့လာတဲ့ ရခိုင်မလေး ၄ ယောက်က အေဂျင်စီကပေးလိုက်တဲ့ လပ်ခ်ကီး စာအိတ် ဒေါ်လာအတုကိုင်ဆောင်ရာကနေ အဖမ်းခံရပြီးနောက် ၂ ယောက်ကတော့ ဒဏ်ငွေဆောင်ပြီး လွတ်ပေးပေမယ့်၊ ကျန်တဲ့ ၂ ယောက်ကိုတော့ စက်တင်ဘာလ ၂၀၂၂ မှာ မြန်မာအာဏာပိုင်များရဲ့ အကူညီဖြင့် လွတ်မြောက်အောင် ကြိုးပမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

ကိုချစ် ဇွဲကပင်မြေ (ဇွဲကပင်မြေ)

ဓါတ်ပုံ – လွတ်မြောက်လာတဲ့ ရခိုင်မလေး ၂ ယောက်နဲ့ အလုပ်သမားသံအရာရှိ ဦးအောင်ကိုဇော် တွေ့ဆုံစကားပြောစဉ်

SHARE THIS NEWS

OTHER NEWS