15 May 2024

နယ်စပ်ဒေသရှိစိုက်ပျိုးရေးလုပ်ငန်းများတွင် အလုပ်ခန့်ထားမည့်စိုက်ပျိုးရာသီယာယီလုပ်သားများကိုခေါ်ယူရန် မြန်မာနှင့်ကမ္ဘောဒီးယားနယ်စပ်တွင် ကွာရန်တင်းစင်တာ ၁၇ ခုဖွင့်လှစ်သွားမည်ဟု ထိုင်းနိုင်ငံကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုစီမံအုပ်ချုပ်ရေးဗဟိုဌာန ပြောခွင့်ရသူ ဒေါက်တာ ထဝီစင်း ကဆိုသည်။

ကမ္ဘောဒီးယားလုပ်သားများကိုလက်ခံရန်အတွက် စီးစကက်ခရိုင်အပါအဝင် စူရင်၊ စာကက်ယောက်၊ တရတ်နှင့်ကျန်ထဘူရီခရိုင်များတွင် ကွာရန်တင်းစင်တာများဖွင့်လှစ်သွားမည်ဟု သိရပြီး မြန်မာလုပ်သားများကိုလက်ခံရန် ချင်းရိုင်၊ တာ့ခ်၊ ကန်ကျနဘူရီ၊ ရနောင်း စသည့်ခရိုင်များတွင်ဖွင့်လှစ်သွားမည်ဟုပြောခွင့်ရသူ ကဆိုသည်။

ယင်းကွာရန်တင်းစင်တာများတွင် အခန်းပေါင်း ၄၇၆ ခန်းပါဝင်မည်ဖြစ်ပြီး လုပ်သား ၁,၃၆၈ ဦးလက်ခံနိုင်မည်ဟု ဆိုသည်။

“ထိုင်းအလုပ်သမားကာကွယ်စောင့်ရှောက်ရေးဉပဒေ ပုဒ်မ(၆၄) မှာ ရာသီအလိုက်ရွေ့ပြောင်းအလုပ် သမားတွေကို ကာကွယ်စောင့်ရှောက်ရေးနဲ့ပတ်သက်ပြီးပြဌာန်းထားတာရှိပါတယ်၊ လုပ်အားခကတော့ ပေးချင်သလိုပေးပါတယ်၊ များသောအားဖြင့် ၁၂၀ ဘတ် ကနေ ၂၀၀ ဘတ်မှာရှိပါတယ်၊ လုပ်သားတွေကို၃ လလုပ်ကိုင်ခွင့်ပေးပြီး နယ်မြေလူဝင်မှုကြီးကြပ်ရေးရုံးမှာ တစ်လတစ်ကြိမ်နေထိုင်ခွင့်တင်ရပါတယ်၊ အရင်တုန်းကတော့ အစိုးရဆေးရုံတွေမှာ ကျန်းမာရေးအာမခံကြိုတင်ဝယ်ရတယ်” ဟု ရွှေ့ပြောင်းလုပ်သားအရေးကို ဆယ်စုနှစ် ၂ ခုကျော်လုပ်ကိုင်ခဲ့သူ ဦးစိုင်းထွန်ရွှေ၏လူ၏ကွန်ရက်အကောင့်တွင် ဖော်ပြထားသည်။

တဆက်တည်းတွင် “လုပ်သားနေထိုင်တဲ့မြို့နယ်ပြင်ပကိုထွက်ခွင့်မရှိဘူး၊ အလုပ်ရာသီကုန်ဆုံးရင်အလုပ်ရှင်ဘက်က အချိန်မရွေးအလုပ်ငှားရမ်းမှုရပ်စဲနိုင်တယ်၊ စိုက်ပျိုးရေးဆိုတော့သေသေချာချာမေးထားဖို့လိုတယ်၊ တချို့အလုပ်ရှင်တွေက ပုတ်ပြတ်ခိုင်းစေတတ်တယ်၊ တချို့ဆို တောထဲတောင်ထဲမှာနေရတယ် လူသူကင်းဝေးပြီး အစားအသောက်နဲ့ဆေးဝါး ဝယ်ယူဖို့ခက်ခဲနိုင်တယ်” ဟု ဆက်လက် သတိပေးထားသည်။

 

 

ထို့ပြင် “Q ဝင်ရမယ်ဆိုတော့ ကုန်ကျစရိတ်သေသေချာချာမေးထားပါ တွက်ခြေကိုက်မှသွားလုပ်ကြပါ အလုပ်ကို ၂ လ ၃ လပဲခန့်မယ်ဆိုရင် မသွားကြပါနဲ့ ကိုက်မှာမဟုတ်ပါဘူး” ဟု အကြံပြုထားသည်။

ထို့နောက် “အရင်ကတော့ နယ်စပ်မှာအိမ်ထောင်စုစာရင်းရှိတဲ့သူတွေကိုပဲ ခေါ်တာပါ ဒါကြောင့် အခြားနယ်ကသူကို ကိုယ့်ရဲ့အိမ်ထောင်စုစာရင်းထဲထည့်ပေးတာမလုပ်ကြဖို့သတိပေးချင်ပါတယ်” ဟု

တိုက်တွန်းထားသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS