30 April 2024

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ဘတ် ၈၂ ဘီလျံကျော်ရှိခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း ၅ ထောင်ကျော်ဖန်းတီးနိုင်ခဲ့သည်ဟု ထိုင်းစီးပွားရေးမြှင့်တင်ရေးဦးစီးဌာန ထုတ်ပြန်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် နိုင်ငံခြားသားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ၅၇၀ ဦးမှ ဘတ် ၈၂ ဘီလျံကျော် (ဘတ် ၈၂,၅၀၁ သန်း) ရှိခဲ့ပြီး ထိုင်းပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ၅,၄၅၀ နေရာဖန်တီးပေးခဲ့သည်ဟု ထိုင်းစီးပွားရေးမြှင့်တင်ရေးဦးစီးဌာနမှထုတ်ပြန်ထားကြောင်း ထိုင်းကူးသန်းရောင်းဝယ်ရေးလက်ထောက်ဝန်ကြီး စီနစ် လုံ့ကရိုင် ကဆိုသည်။

လာရောက်ရင်းနှီးမြှုပ်နှံမှုပြုသည့်နိုင်ငံများထဲတွင် ဂျပန်နိုင်ငံကထိပ်ဆုံးမှရပ်တည်နေပြီး လုပ်ငန်းရှင် ၁၆၃ ဉီးမှ ဘတ် ၂၃.၂၆၀ ဘီလျံရင်းနှီးမြှုပ်နှံမှုပြုခဲ့ကာ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုအားလုံး၏ ၂၈.၆ ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။

 

 

ဟောင်ကောင်က ဒုတိယနေရာတွင်ရပ်တည်နေပြီး လုပ်ငန်းရှင် ၄၁ ဦးမှ ဘတ် ၁၉.၅၅၅ ဘီလျံရင်းနှီးမြှုပ်နှံခဲ့သည်ဟု ပြောကြားသည်။

အာဆီယံသူကြွယ် စင်္ကာပူက တတိယနေရာတွင်ရပ်တည်နေပြီး လုပ်ငန်းရှင် ၈၆ ဦးမှ ဘတ် ၁.၅၃၀ ဘီလျံရင်းနှီးမြှုပ်နှံထားသည်ဟု ၎င်းကဆက်လက်ပြောကြားသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS