14 May 2024

တာ့ခ်ခရိုင်အတွင်းခရီးသွားမြှင့်တင်ရေးအတွက် မဲဆောက်လေဆိပ်ကို အပြည်ပြည်ဆိုင်ရာလေဆိပ် အဖြစ် အဆင့်မြှင့်တင်ပြီးနောက်တွင် ပထမဆုံး ဗန်ကောက်-မဲဆောက်ခရီးစဉ်ကို ပြည်တွင်းအခြေစိုက် Nok air လေကြောင်းလိုင်းက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြန်လည်ပြေးဆွဲခဲ့သည်ဟု တာ့ခ်ခရိုင်ပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။

အဆိုပါလေကြောင်းလိုင်းက ၁၈၉ ထိုင်ခုံဆံ့ Boeing 737-800 လေယာဉ်ဖြင့် ပြေးဆွဲပေးနေပြီး နေ့စဉ် နေ့လယ် ၁၁.၂၅ နာရီ၊ ညနေ ၃ နာရီ ၅၀ မိနစ် (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္ဂနွေ) သို့မဟုတ် ညနေ ၅ နာရီ ၂၀ မိနစ် (အင်္ဂါ၊ ကြာသပတေး၊ စနေ) စသည့်အချိန်ဇယားဖြင့် တစ်ရက်လျှင် ၂ ခေါက်၊ တစ်ပါတ်လျှင် ၁၄ ခေါက် ပြေးဆွဲပေးသွားမည်ဟု ဖော်ြပထားသည်။

 

ပြန်လည်ပြေးဆွဲသည့် ပထမနေ့တွင် ဖွင့်ပွဲအခမ်းအနားတစ်ခုကျင်းပခဲ့ပြီး မဲဆောက်လေဆိပ်ညွှန်ကြား ရေးမှူး၊ မဲဆောက်မြို့နယ်ထွေအုပ်၊ တာ့ခ်ခရိုင် လဝက ၊ တာ့ခ်ခရိုင်ကူးသန်းရောင်းဝယ်ရေး၊ မဲဆောက် အကောက်ခွန်ဌာန၊ မဲဆောက်ကပ်ရောဂါထိန်းချုပ်ရေးဌာန၊ တာ့ခ်ခရိုင်ခရီးသွားလုပ်ငန်းရှင်များအသင်း စသည့် အစိုးရနှင့်ပုဂ္ဂလိကကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်ဟု သိရှိရသည်။

အဆင့်မြှင့်တင်လိုက်သည့် လေယာဉ်ပြေးလမ်းအသစ်မှာ မီတာ ၂၁၀၀ ရှည်လျားသည်ဟု ဆက်လက် ဖော်ြပထားသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS