3 May 2024

လိင်ကိစ္စမှတဆင့်ကူးစက်တတ်သည့်ရောဂါများနှင့်မလိုလားအပ်သည့်ကိုယ်ဝန်ဆောင်ခြင်းပြဿနာကိုဖြေရှင်းရန် ဗယ်လင်တိုင်းနေ့ကို ဦးတည်ကာ မြို့တော်ဗန်ကောက်တွင် ကွန်ဒုံး ၇ သန်းအခမဲ့ဝေငှမည်။

ထိုင်းနိုင်ငံ၌လူငယ်များအကြားလိင်ကိစ္စမှတဆင့်ကူးစက်သည့်ရောဂါဖြစ်ပွားမှုများလာခြင်းနှင့်အတူ မလိုလားအပ်သည့်ကိုယ်ဝန်ဆောင်ခြင်းပြဿနာကိုဖြေရှင်းရန် လာမည့် ဗယ်လင်တိုင်းနေ့ကို ဦးတည်ကာ ဗန်ကောက်မြို့တော်၌ ကွန်ဒုံး နှစ်သန်းကို ကျန်းမာရေးတာဝန်ရှိသူများက အခမဲ့ဝေငှသွားမည်ဟု ဗန်ကောက်အာဏာမှထုတ်ပြန်ထားသည်။

“Start Safe SEX, Use Condom” ဆောင်ပုဒ်ဖြင့် မြို့တော်လုံးဆိုင်ရာ လှုပ်ရှားမှုတစ်ရပ် အနေဖြင့် ကွန်ဒုံးများကို စီရင်စု ၅၀ စလုံး၌ အခမဲ့ဝေငှသွားမည် ဖြစ်ကြောင်း မြို့တော် ကျန်းမာရေးဌာနညွှန်ကြားရေးမှူး ပန်ရူဒီးမနိုမိုင်ပီဘူ ဆိုသည်။

“ကျေးဇူးပြုပြီး ကွန်ဒုံးအပါအဝင် နှာခေါင်းစည်းနဲ့လက်သန့်ဆေးလို အကာအကွယ်ပစ္စည်းတွေကို အမြဲဆောင်ထားကြပါ။ ဒါဟာ အေအိုင်ဒီအက်စ်၊ လိင်ဆက်ဆံခြင်းကတဆင့် ကူးစက်ရောဂါနဲ့ ကိုဗစ်လိုရောဂါတွေ ကာကွယ်ဖို့ အတွက်ပါ။”ဟု မစ္စပန်ရူဒီးက ဆိုသည်။

ယခုနှစ်အတွင်း မြို့တော်၌ အေအိုင်ဒီအက်စ်ရောဂါကူးစက်မှုအသစ် ၁,၁၂၈ ဦး နှင့်အတူ ရောဂါကူးစက်သူပေါင်း ၈၁၄,၃၆၅ ဦးရှိလာမည်ဟု ၎င်းကခန့် မှန်းထားသည်။

ဗန်ကောက်မြို့၏လိင်ဆက်ဆံခြင်းမှတဆင့်ကူးစက်ရောဂါဖြစ်သည့်မှတ်တမ်းများအရ ယမန်နှစ်တွင် ၆,၄၅၀ ဦးရှိခဲ့သည်။

၂၀၂၀ပြည့်နှစ်တွင် လူတစ်သိန်းလျှင် ဆစ်ဖလစ်ရောဂါကူးစက်ခံရမှု ၄၀ ဒသမ ၄၆ ဦးရှိခဲ့ပြီး အဆိုပါနှုန်းမှာ အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းရှိသူများတွင် ပိုမို မြင့်မား နေသည်။

ဆီးပူညောင်းကျရောဂါဖြစ်ပွားမှုနှုန်းသည်လည်း လူငယ်များအကြား မြင့်တက်နေပြီး လူတစ်သိန်းလျှင် ၅၈ ဒသမ ၈ ဦးနှုန်းရှိနေသည်။

“လိင်မှတဆင့်ရောဂါကူးစက်မှုတွေမြင့်လာတာက လူငယ်တွေကြားမှာ ကွန်ဒုံးသုံးစွဲမှုနည်းပါးတာနဲ့ ဆက်စပ်နေပါတယ်။”ဟု မစ္စပန်ရူဒီးကဆိုသည်။

SHARE THIS NEWS

OTHER NEWS