26 April 2024

ယူကရိန်းမှာ ပိတ်မိနေတဲ့ထိုင်းနိုင်ငံသားတွေကို အစီအစဉ်သုံးခုဖြင့် ကယ်ထုတ်ဖို့ထိုင်းအစိုးရပြင်ဆင်နေတယ်လို့ ထိုင်းဝန်ကြီးချုပ်ရုံးတွဲဖက်ပြောခွင့်ရ ဆို။

ယူကရိန်းမှာ အခြေအနေပိုမိုဆိုးရွားလာခဲ့လျင် ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေကို အစီအစဉ်သုံးခုနဲ့ပြန်လည်ခေါ်ယူနိုင်ဖို့ ထိုင်းအစိုးရက အသင့်ပြင်ဆင်ထားတယ်လို့ ထိုင်းဝန်ကြီးချုပ်ရုံး တွဲဖက်ပြောခွင့်ရသူ ရတ်ခဒါ ဓနာဓိရာဇ် ကဆိုပါတယ်။

ပထမအစီအစဉ်က ယူကရိန်းမှာပိတ်မိနေတဲ့ထိုင်းနိုင်ငံသာတွေကို စင်းလုံးငှားလေယာဉ်နဲ့ထိုင်းကိုတိုက်ရိုက်ပြန်လည်ခေါ်ယူဖို့ဖြစ်ပါတယ်။

ဒုတိယအစီအစဉ်ကတော့ ယူကရိန်းလေပိုင်နက်ပိတ်ခဲ့လျင် ထိုင်းနိုင်ငံသားတွေကို စုရပ်တစ်ခုမှာလူစုပြီး ပိုလန်နိုင်ငံဘက်ကို ဖြတ်ကျော်လာမှာဖြစ်ပါတယ်။ အဲဒီနောက်မှာ မြို့တော်ဝါဆောကတဆင့်စင်းလုံးငှားလေယာဉ်နဲ့ထိုင်းကို ခရီးဆက်မှာဖြစ်ပါတယ်။

နောက်ဆုံးအစီအစဉ်အနေနဲ့ ထိုင်းလေကြောင်းလိုင်းနဲ့ထိုင်းလေတပ်ကပြင်ဆင်ထားတဲ့ စင်းလုံးငှားလေယာဉ်ကိုအသုံးပြုပြီး ထိုင်းနိုင်ငံသားတွေကို ယူကရိန်း ဒါမှဟုတ် မြို့တော်ဝါဆောမှာ သွားကြိုမယ်လို့ သိရပါတယ်။

ယူကရိန်းမှာပိတ်မိနေတဲ့ထိုင်းနိုင်ငံသားတွေရဲ့အခြေအနေကို ပိုလန်နိုင်ငံ မြို့တော်ဝါဆောအခြေစိုက်ထိုင်းသံရုံးက အနီးကပ်စောင့်ကြည့်နေတယ်လို့ဆိုပါတယ်။

အကူအညီလိုအပ်တဲ့ထိုင်းနိုင်ငံသားတွေအနေနဲ့ ဝါရှောမြို့အခြေစိုက် ထိုင်းသံရုံးကို ဖုန်းနဲ့အီးမေးလ်ကတဆင့်ဆက်သွယ်အကြောင်းကြားနိုင်တယ်လို့ဆိုပါတယ်။ ဖုန်း +48-696-642-348 E-mail : [email protected]

သတင်း ပလာတူ

SHARE THIS NEWS

OTHER NEWS