25 April 2024

မောင်းပြေးနေတဲ့ကားကို ရဲကားနှင့်ဝင်တိုက်ကာဖမ်းဆီး တရားမဝင်မြန်မာ ငါးဦးလိုက်ပါလာဟုဆို

ဒီဇင်ဘာလ ၁၁ ရက်၊ ၂၀၂၂

တရားမဝင်မြန်မာ ၅ ဦးတင်လာပြီး မောင်းပြေးနေတဲ့အဖြူရောင်ကားကို ရဲများက သူတို့ကားနဲ့လိုက်တိုက်ပြီး ဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။ မလေးရှားနိုင်ငံ ကလန်တန်းပြည်နယ်မှာ တရားမဝင်မြန်မာ ၅ ဦးမောင်းပြေးလာတဲ့ အဖြူရောင်ကားကို မလေးရှားရဲတွေက သူတို့ကားနဲ့လိုက်တိုက်ပြီး ကားနှစ်စီးလုံး လမ်းဘေးမှာ ထိုးကျသွားခဲ့ပြီး၊ မြန်မာ ၅ ဦးလဲ အဲဒီနေရာမှာ အဖမ်းခံလိုက်ရတယ်ဟု သိရပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့ မနက် ၆ နာရီအချိန်မှာ သံသယဖြစ်စရာ ကားတစ်စီးကိုတွေ့ရတာကြောင့် စစ်ဆေးရန်တားသော်လည်း ကားမှာရပ်မပေးဘဲ အရှိန်ရှိန်ပြင်းပြင်းနဲ့ မီးပွိုင့်များကိုကျော်မောင်းပြေးခဲ့လို့ ယခုလိုကားနဲ့တိုက်ပြီး ဖမ်းဆီးခံရတယ်ဟု ဆိုပါတယ်။

ကားနှစ်စီးလုံး လမ်းဘေးကိုထိုးကျသွားပေမယ့် ထိခိုက်သူမရှိဘူးလို့ မလေးရှားသတင်းတွေမှာသိရပါတယ်။ ကားပေါ်လိုက်ပါလာတဲ့မြန်မာ ၅ ဦးမှာ အသက် ၁၆ နှစ်ကနေ ၄၂ နှစ်စပ်ကြား အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦးဖြစ်ကြပါတယ်။

ဖမ်းမိတဲ့ ကားသမားနှင့် မြန်မာ ၅ ဦးတို့ကို မလေးရှားနိုင်ငံ လဝက ဥပဒေအရ အရေးယူမှှုတွေဆောင်ရွက်သွားမည်ဟု သတင်းတွေမှာဖော်ပြထားပါတယ်။

ကိုချစ် ဇွဲကပင်မြေ

ဓါတ်ပုံ – Kosmo Online

SHARE THIS NEWS

OTHER NEWS