26 April 2024

ထိုင်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါကို ဒေသဆိုင်ရာရောဂါအဖြစ်ပြောင်းလဲသတ်မှတ်ရန် အဆင့် ၄ ဆင့်ဖြင့် အကောင်အထည်ဖော်ဆောင်မည်။

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါကို ဒေသဆိုင်ရာရောဂါ (Endemic approach) အဖြစ်ပြောင်းလဲသတ်မှတ်ရာတွင် အဆင့် ၄ ဆင့်ခွဲ၍ အကောင်အထည်ဖော်ဆောင်သွားမည်ဟု ထိုင်းအမျိုးသားကူးစက်ရောဂါကော်မတီက ထုတ်ပြန်ထားသည်။

Combatting ဟု အမည်ပေးထားသော ပထမအဆင့်ကို ၂၀၂၂ ခုနှစ်၊ မတ်လ ၁၂ ရက်မှ ဧပြီလဆန်းအထိသတ်မှတ်ထားပြီး ယင်းအဆင့်တွင် ထပ်တိုးလူနာဦးရေထိန်းနိုင်အောင် ကြိုပမ်းမည်ဟု ဖော်ပြထားသည်။

ဒုတိယအဆင့်ကို Plateau ဟု အမည်ပေးထားပြီး အကောင်အထည်ဖော်ရမည့်ကာလကို ဧပြီလမှမေလအထိသတ်မှတ်ထားသည်။ အဆိုပါအဆင့်တွင် ထပ်တိုးလူနာဉီးရေလျှော့ကျလာအောင် ကြိုးပမ်းသွားမည်ဟု ဆိုသည်။

 

မေလကုန်ပိုင်းမှ ဇွန်လ ၃၀ ရက်နေ့အထိသတ်မှတ်ထားသော တတိယအဆင့်ကို Declining ဟု အမည်ပေးထားပြီး ယင်းအဆင့်တွင် နေ့စဉ်ထပ်တိုးလူနာဦးရေကို ၁၀၀၀ ဦး မှ ၂၀၀၀ ဦးအတွင်းသာရှိနေစေရန်ကြိုးပမ်းမည်ဟု ဆိုသည်။

စတုတ္ထအဆင့်ကို Post pandemic ဟု အမည်ပေးထားပြီး လုပ်ငန်းကာလကို ဇူလိုင် ၁ ရက်နေ့နောက် ပိုင်းဟု သတ်မှတ်ထားသည်။ ယင်းအဆင့်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကို ကူးစက်ရောဂါအဖြစ်မှ ပယ်ဖျက်ပြီး ဒေသဆိုင်ရာရောဂါအဖြစ်ပြောင်းလဲသတ်မှတ်မည်ဟု ဖော်ပြထားသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS