28 April 2024

ထိုင်းအလုပ်သမားဝန်ကြီးဌာနတည်ရှိရာ အစိုးရရုံးချုပ်တွင် ၂၀၂၂ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးတွင် ထိုင်းနိုင်ငံသို့ ၃ နိုင်ငံ ရွှေ့ပြောင်းလုပ်သားခေါ်ယူဖို့အစီအစဉ်ကို အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင် တွေက အဆိုတင်သွင်းခဲ့ရာ ထိုင်းအလုပ်သမားဝန်ကြီး မစ္စတာ စူချတ် မှ လက်ခံခဲ့ပြီး ကိုဗစ်လွန် ထိုင်းစီးပွားရေး ကဏ္ဍကို ပြန်လည်ထူထောင်နိုင် ရန် အရှိန်မြှင့်တင်သွားမှာ ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီး မစ္စတာ စူချတ် မှ ပြောခဲ့ပါတယ်။

ထိုင်းအစိုးရက ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ခွင့်ပေးဖို့ ၂၀၂၁ ဒီဇင်ဘာလ ၁ ရက်နေ့က စပြီး လုပ်ငန်းရှင်တွေကို Demand တင်ခိုင်းခဲ့ရာ တစ်လအတွင်းမှာပဲ အလုပ်ခေါ်စာပေါင်း ၁,၈၁၃ စောင်လက်ခံရရှိခဲ့ပြီး လုပ်သားအရေအတွက် ၁၁၃,၇၁၇ ဦး လိုအပ်နေကြောင်း စာရင်းရရှိခဲ့ပါတယ်။

အလုပ်သမားဝန်ကြီးဌာနက ၄ နှစ်ပြည့် MOU လုပ်သားတွေကို ၂၀၂၂ ဇန်နဝါရီလ ၁ ရက် နေ့က စလို့ ၂၀၂၂ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ နေရပ်ပြန်စရာမလိုဘဲ ထိုင်းနိုင်ငံတွင်သာ သက်တမ်းတိုးနိုင်ဖို့ ဖြေလျှော့ပေးခဲ့ပြီး ယခုမှာတော့ အလုပ်သမားတင်သွင်းဖို့ အစီအစဉ် ကို ဆက်လက်စီစဉ်နေပြီဖြစ်ပါတယ်။

ကိုဗစ်လွန်ကာလမှာ လုပ်သားခေါ်ယူဖို့အစီအစဉ်ကို ထိုင်းအစိုးရက ကိုဗစ်စည်းကမ်းအတိုင်း စီစဉ်သွားမှာဖြစ်ပြီး ပထမခြေလှမ်းအနေဖြင့် ကျန်ထဘူရီခရိုင်က စလို့ ကမ္ဘောဒီးယားလုပ်သားတွေကို အရင်ခေါ်ယူသွားမှာဖြစ်ပြီး မြန်မာလုပ်သားခေါ်ယူဖို့အတွက် ချင်းရိုင်၊ တာ့ခ်၊ ကန်ကျနဘူရီ နှင့် ရနောင်း ခရိုင်တို့မှာ ကိုဗစ်စီစစ်ရေး စခန်း တွေစီစဉ်နေပြီဖြစ်တယ်လို့သိရပါတယ်။

SHARE THIS NEWS

OTHER NEWS