17 May 2024

ထိုင်း၀င်ရောက်ဖို့ကြိုးစားနေတဲ့ တရားမ၀င်မြန်မာနိုင်ငံသား ၁၉၆ ဦးကို ပရာကျွတ်ခီရီခမ်ခရိုင်မှာ ကင်းလှည့်နေတဲ့ ထိုင်းအာဏာပိုင်များရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရတယ်လို့ ခရိုင်သတင်းတွေမှာဖော်ပြထားပါတယ်။

 

 

ဖေဖော်၀ါရီလ ၂၅ ရက်၊ နံနက် ၁ နာရီခန့်အချိန်မှာ မြန်မာနိုင်ငံသား ၄၃ ဦးနဲ့ လမ်းပြ ၂ ဦးဖမ်းမိတယ်။ အမျိုးသား ၂၁ ဦးနဲ့ အမျိုးသမီး ၂၂ ဦးဖြစ်ပြီး၊ သူတို့ကို ထိုင်းနိုင်ငံနယ်စပ် ပရာကျွတ်ခီရီခမ်ခရိုင်မှာ ဖမ်းမိတာလို့ ဖော်ပြထားပါတယ်။

 

 

ဖေဖော်၀ါရီလ ၂၅ ရက် နံနက် ၂ နာရီခွဲခန့်အချိန်မှာ နောက်ထပ်မြန်မာနိုင်ငံသား ၁၅၃ ဦးအုပ်စုကို ထပ်မံဖမ်းမိပါတယ်။ အမျိုးသား ၈၉ ဦးနဲ့ အမျိုးသမီး ၆၄ ဦးဖြစ်ပါတယ်။ သူတို့ကိုလဲ ထိုင်းနယ်စပ်ခရိုင် ပရာကျွတ်ခီရီခရိုင်မှာပဲ ဖမ်းမိတာလို့ ဖော်ပြပါတယ်။

 

 

မြန်မာနိုင်ငံသား ၁၉၆ ဦးကို ဖေဖော်၀ါရီလ ၂၅ ရက်မှာဖမ်းမိတာပါ။ ထိုင်းမှာအလုပ်ရဖို့ ၁ ဦးကို ၂၀,၀၀၀ ကနေ ၂၅,၀၀၀ ဘတ်အထိ ပွဲစားကိုပေးခဲ့ရပါတယ်။ အဖမ်းခံရတဲ့မြန်မာနိုင်ငံသား ၂၀၀ ဦးခန့်ကို ထိုင်းအာဏာပိုင်တွေက ကိုဗစ်၁၉ စည်းကမ်းချက်အရ စစ်ဆေးပြီးရင် အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ကိုချစ် (ဇွဲကပင်မြေ)

ဓါတ်ပုံ – ศูนย์ประชาสัมพันธ์กองทัพบก Army PR Center

#MyanmarliveTH #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #BKK #Covid19TH #Andrew_KC

SHARE THIS NEWS

OTHER NEWS