14 May 2024

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်ခရိုင်အတွင်း တောင်ပေါ်ကျေးရွာတစ်ရွာတွင် တရားမဝင်ဝင်ရောက်နေထိုင်သည့် မြောင်လူမျိုး လာအိုနိုင်ငံသားတစ်ဦးကို ထိုင်းထွေအုပ်ဦးဆောင်သည့်အဖွဲ့စုံပူးပေါင်းတပ်ဖွဲ့ဖမ်းဆီး။

 

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်ခရိုင်၊ ထုံမြို့နယ်၊ တပ်တောင်ကျေးရွာအုပ်စု၊ မူ-၂၃၊ ဖယာလောင်အူကျေးရွာရှိနေအိမ်တစ်ခုတွင် သူစိမ်းတစ်ဦးလာရောက်နေထိုင်သည်ဟု ကျေးရွာအုပ်ချုပ်ရေမှူးထံမှသတင်းရရှိပြီးနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်သည့် အဖွဲ့စုံတပ်ဖွဲ့မှ ယမန်နေ့ မနက် ၈ နာရီအချိန်တွင် အဆိုပါနေအိမ်သို့သွားရောက်စစ်ဆေးခဲ့ရာ မြောင် (ရွှေများအခေါ်မျှော့) စကားပြောသည့် အမျိုးသားတစ်ဦးကိုတွေ့ရှိရ၍ မြောင်စကားပြောနိုင်သည့် ဒုကျေးရွာအုပ်ချုပ်ရေးမှူးကိုခေါ်ယူပြီးဘာသာပြန်မေးမြန်စစ်ဆေးရာ လာအိုနိုင်ငံမှခိုးဝင်လာသည် ဝမ်းကောက် ဝမ်း အမည်ရှိ မြောင်လူမျိုးတစ်ဦးဖြစ်သည်ဟု သိရသည်။

 

ယင်းအမျိုးသားသည် လာအိုနိုင်ငံ ဘော်ကယောက်ပြည်နယ်၊ ချင်တောင်းကျေးရွာတွင်နေထိုင်သူ တစ်ဦးဖြစ်ပြီး အဓိကလမ်းမကြီးနှင့် ၁ ကီလိုမီတာခန့်ကွာဝေးသည့် ဖူစဝမ်းနယ်စပ်ပေါက်မှခိုးဝင်လာသည်ဟု ထွက်ဆိုသည်။

 

ဆက်လက်ပြီး ၎င်းအား ထိုင်းလူဝင်မှုကြီးကြပ်ရေးအက်ဉပဒေ ဘီအီး ၂၅၂၂ အရ တရားမဝင်ဝင်ရောက်နေထိုင်မှုဖြင့်ဆွဲချက်တင်ထားပြီး တရားဉပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရန်အတွက်စုံစမ်းစစ်ဆေးရေးအရာရှိထံ ပို့ဆောင်ထားသည်ဟု သိရှိရသည်။

 

 

 

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS