26 April 2024

နိုဝင်ဘာ ၇ ရက်၊ ၂၀၂၂

နိုဝင်ဘာလ ၃ ရက်နေ့တွင် ထိုင်းရောက်နေတဲ့မြန်မာလုပ်သားတစ်ဦးက ဇီဝိတဒါနအလှူကို ထိုင်းနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ဆေးရုံမှာ ပြုလုပ်သွားတယ်ဟု ချင်းမိုင်သတင်းတွေမှာဖော်ပြထားပါတယ်။

ဇီဝိတဒါနအလှူဆိုတာက မြန်မာလိုပြန်ဆိုထားရင် ကိုယ်တွင်းအင်္ဂါများကို အခြားသူများထံအစားထိုးကုသနိုင်ရန် အတွက် လှူဒါန်းပေးတာကိုဟု သိရပါတယ်။

အသက် ၄၃ နှစ်ရှိတဲ့ မြန်မာလုပ်သားတစ်ဦးမှာ ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်တွင် ကားတိုက်ခံရပြီး ဦးနှောက်သေသွားတာကြောင့် သူ့ရဲ့ ကိုယ်တွင်းအင်္ဂါများကိုလှူပေးရန် ကျန်ရစ်မိသားစုများကို မှာကြားခဲ့တာကြောင့် ချင်းရိုင်းခရိုင်ရှိ ပရာချာနုခရော့ခ်ဆေးရုံမှာ မိသားစားတွေက လှူဒါန်းပေးတဲ့တာပါ။

မြန်မာလုပ်သားလှူဒါန်းပေးလိုက်တဲ့ ကိုယ်တွင်းအင်္ဂါများကတော့ ကျောက်ကပ် ၂ လုံးနှင့် မျက်စိ ၂ လုံးဖြစ်ပါတယ်။ ထိုလှူဒါန်းမှုအတွက် နိုဝင်ဘာလ ၅ ရက်နေ့တွင် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Opas Karkawinpong က ကျန်ရစ်သူမိသားစုဝင်များအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

.

ကိုချစ် ဇွဲကပင်မြေ

ဓါတ်ပုံ-ที่มา : โรงพยาบาลเชียงรายประชานุเคราะห์

SHARE THIS NEWS

OTHER NEWS