3 May 2024

ဒီကနေ့ နှစ် ၆ လုံးနေ့တွင် မန္တလေးမှ သံဃာတော်တွေက နွေဦးတော်လှန်ရေး (၁) နှစ်ကျော်ကာလ ” အားလုံးစုရုန်း နှစ်ခြောက်လုံး ” လူထုလှုပ်ရှားမှုမှာ ပြည်သူလူထု နဲ့အတူ ရပ်တည်ပြီး ဆန့်ကျင် ဆန္ဒပြတဲ့သပိတ်။ မကွေးတိုင်း ပခုက္ကူမြို့တွင် ပြည်သူများ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး အရုဏ်ဦး ချီတက်ဆန္ဒပြသပိတ်။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ တော်လှန်ကျောင်းသားလူငယ်များအရုဏ်ဦးသပိတ်လှုပ်ရှားခဲ့ကြပါတယ်။

 

 

ထို့အတူ ရန်ကုန်မြို့ ကန်တော်ကြီး အပြင်ဘက်ခြံစည်းရိုးတွင် ဗမာ့လူငယ်ကွန်ရက်က ၂၂၂၂၂၂ လုံး အထိန်းအမှတ်အဖြစ် စာတန်းချိတ်ဆွဲလှုပ်ရှားမှုသပိတ်။ ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ တော်လှန်ကျောင်းသားလူငယ်များကလဲ အရုဏ်ဦးသပိတ်။ မိုးညှင်းမြို့လယ်တံတားတွင် ချိတ်ဆွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်။ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းဒေသ ကျေးရွာ ၁ ရွာမှ တော်လှန်ပြည်သူများ စစ်အာဏာရှင်ချေမှုန်းရေး ချီတက်ဆန္ဒပြတဲ့သပိတ်များပြုခဲ့ပါတယ်။

 

 

မန္တလေးမြို့ ဦးပိန်တံတားတွင် ၂ ခြောက်လုံးနေ့လူထုလှုပ်ရှားမှု၊ မိတ္ထီလာမြို့ လူကူးတံတားတွင် ၂ခြောက်လုံးနေ့လူထုလှုပ်ရှားမှု၊ မြန်မာနိုင်ငံအနှံ့က အကြားအာရုံ မသန်စွမ်းသူများ ဦးဆောင်ကာ သပိတ်လှုပ်ရှားမှု၊ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ပြန်လည်စုရုံး ၂ ခြောက်လုံး(၂၂၂၂၂၂) ချီတက်လှုပ်ရှားမှု၊ လောင်းလုံးမြို့နယ်ကျေးဒေသရှိလူငယ်များမှ “ပြန်လည်စုရုံး နှစ်ခြောက်လုံး” လောင်းလုံးလူငယ်များ ပျောက်ကြားသပိတ်။

 

 

GSC အင်အားစုတွေဖြစ်တဲ့ကြည့်မြင်တိုင် လူငယ်များသပိတ်ကော်မတီ ၊ ကြည့်မြင်တိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသ) ၊ လူ့ဘောင်သစ်လူငယ်များ ၊ သာကေတမြို့နယ်လူငယ်သပိတ်။ ရွှေဘိုရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများက ‘ပြန်လည်စုရုံး ၂၂၂၂၂၂ လုံး’ သပိတ်။ ဘုတလင်မြို့နယ်အတွင်း ဆိုင်ကယ်များဖြင့် လှည့်လည်ဆန္ဒပြလှုပ်ရှားမှု။

 

 

မန္တလေးခရိုင် ကျာင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)အဖွဲ့ဝင် ကျောင်းသားများနှင့် မဟာမိတ် တက်ကြွလှုပ်ရှားသူများ ချီတက် ဆန္ဒပြ။ အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် ကျေးရွာပြည်သူလူထုများ ပူးပေါင်းကာ လူထုလှုပ်ရှားမှုနှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသတွင်ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ပြန်လည်စုရုန်း နှစ်ခြောက်လုံး လူထုလှုပ်ရှားမှု ချီတက် ဆန္ဒပြခဲ့ကြောင်း သိရပြီး မြန်မာနိုင်ငံ တိုင်းနှင့်ပြည်နယ်ရှိ အသီးသီးတွေမှာလဲ သပိတ်များပြုလုပ်ကြတယ်လို့ သိရပါတယ်။

.

ကိုချစ် (ဇွဲကပင်မြေ)

#MyanmarliveTH #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #BKK #Covid19TH #Andrew_KC

SHARE THIS NEWS

OTHER NEWS