10 May 2024

ဒီဇင်ဘာလ ၃ ရက်၊ ၂၀၂၂

ထိုင်းနိုင်ငံ နခွန်ပထုံခရိုင် ရိုင့်ခင်မြို့နယ်မှာရှိတဲ့ NST ဆေးဆိုးပန်းရိုက်စက်ရုံက လုပ်ငန်းပိတ်သိမ်းလိုက်တာကြောင့် ၎င်းစက်ရုံမှာလုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၁၀၀ ခန့်မှာ အလုပ်လက်မဲ့ဖြစ်သွားခဲ့ပါတယ်။

အလုပ်သမားတွေဟာ လွန်ခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့လောက်ကတည်းက အလုပ်တွေရပ်နားထားရတာကြောင့် နစ်နာကြေးရရှိရေးအတွက် စမုဆာခွန်ခရိုင်မှာရှိတဲ့ AAC-မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးထံ အကူညီတောင်းပြီး သူတို့တွေ နစ်နာကြေးတွေရရှိရန်အတွက် ကူညီပေးခဲ့တယ်လို့ ဒါရိုက်တာ ဦးခိုင်ကြီးကဆိုပါတယ်။

“ယခုလိုပုံစံမျိုး အခြားသောက်စက်ရုံတွေလဲ လုပ်ငန်းဘက်က မပြောမဆိုဘဲ အလုပ်ရပ်နားခိုင်းလိုက်ရင် အကူညီတောင်းလာလို့ရတယ်။ အလုပ်သမားဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးမယ်” ဟု ဦးခိုင်ကြီး ဆိုပါတယ်။

NST ဆေးဆိုးပန်းရိုက်စက်ရုံက လုပ်ငန်းပိတ်သိမ်းလိုက်တာကြောင့် စက်ရုံကနစ်နာကြေး လုပ်သက် ၁ နှစ်ဆိုရင် ၁ လစာ ၁၀ နှစ်ဆိုရင် ၁၀ လစာပေးရမှာဖြစ်ပါတယ်။ အဲဒီနေ့ရဲ့ မြန်မာလုပ်သား ၁၀၀ ခန့်ရရှိသွားတဲ့နစ်နာကြေးတွေကလုပ်သက် ၆ လ ကနေ ၁ နှစ်မပြည့်သူအတွက် တစ်ဦးလျှင် ဘတ် ၄၅၀၀ ၊ ၂ နှစ် နဲ့ ၃ နှစ်ကြားလုပ်သက်ရှိအတွက် ၁ ဦးလျှင် ၁၉၀၀၀ ဘတ် ၊ ၃ နှစ်နဲ့ ၄ နှစ်ကြားကလူတွေအတွက် ၁ ဦးလျှင် ၃၁၀၀၀ ၊ ၄ နှစ်မှ ၅ နှစ်ကြားအတွက် ၄၃၀၀၀ ဘတ် ၊ ၆ နှစ်နဲ့ ၇ နှစ်ကြား လုပ်သက်ရှိသူအတွက် ၁ ဦးလျှင် ဘတ် ၄၅၀၀၀ ရရှိခဲ့တယ်လို့ Hla Khaing ဖေ့ဘွတ်ခ်အကောင့်ကဖော်ပြထားပါတယ်။

.

ဥပဒေအတိုင်းရာနှုန်းပြည့်မရပေမဲ့ အလုပ်ရှင်က အချိန်တိုအတွင်း ချက်ချင်း ဆောင်ရွက် ပေးတာကြောင့် အလုပ်သမားတွေအားလုံး ကျေနပ်မှုရခဲ့ကြပြီး၊ အလုပ်သမားတွေ ယခုလိုအဆင်ပြေသွားကြတော့ AAC-မဟာမိတ်အဖွဲ့မှလဲ ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်ဟု ဆက်ပြီးဖော်ပြထားပါတယ်။

SHARE THIS NEWS

OTHER NEWS