10 May 2024

သြဂုတ် ၂၄ ရက်၊ ၂၀၂၂

ကနစိုးရွာဝန်းကျင်ကို သြဂုတ်လ ၂၃ ရက်နေ့ မနက်အစောပိုင်းလောက်က စစ်ရဟတ်ယာဥ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာနေပြည်သူ တစ်ထောင်ကျော် ဘေးလွတ်ရာကိုရှောင်ပြေးနေရတယ်လို့ KNU ကထုတ်ပြန်ပါတယ်။

ကနစိုးရွာသည် ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ထဲက ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ ထိန်းချုပ်ထားတဲ့နယ်မြေထဲမှာရှိပါတယ်။

(KNLA) တပ်ရင်းနဲ့ စစ်ကောင်စီတပ်တို့အကြား မိနစ် ၂၀ ကြာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီနောက် အခုလို လာပစ်တာလို့ KNU က ဆိုပါတယ်။ ဒါကြောင့် အိမ်ခြေ ၂၂၀ ရှိတဲ့ ရွာက ဒေသခံ ၁၁၁၇ ဦး ထွက်ပြေးနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သြဂုတ်လ ၂၃ ရက် နံနက်အစောပိုင်းလောက်အချိန်မှာ အပြန်အလှန်တိုက်ခိုက်ကြပြီးနောက် ၇ နာရီခွဲလောက်မှာ စစ်တပ်က ရွာထဲကို ဗုံးလာကြဲသွားပါတယ်။ ထိခိုက်မှုတွေတော့ ဘာမှမကြားရသေးပါဘူး။

သတင်းရင်းမြစ်

https://web.facebook.com/KNUHQKTL/posts/pfbid02aAjjvuL3ATHz1s3MkZCfBvnTqVyPR7uGai44xsFYYwZCAP3T5jfURusf4ghaaRZ5l

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS