9 May 2024

 

တနင်္ဂနွေသားသမီးများ

လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်အကိုင် အခွင့်လမ်းတွေ အောင်မြင်တိုးတတ်မယ်၊ ဒီအပတ်တွင်း စိတ်ဆင်းရဲစရာများ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ နေရမယ်။

အလုပ်အကိုင်

အလုပ်အကိုင်အခွင့်အလမ်းသစ်တွေလုပ်ကိုင်ရကိန်းရှိတယ်၊ ကိုယ်ပိုင်စီးပွားရေး လုပ်သူများ ကြီးပွားအောင်မြင်မယ်၊ အရောင်းအဝယ် လုပ်တဲ့သူတွေ အများယုံကြည်မှုကို ပိုင်ဆိုင်ရလိမ့်မယ်။

ငွေကြေး

ကံစမ်းခြင်းမှ ကံထူးမယ်၊ ဝန်ထမ်းများ လစာတိုးကိန်းရှိတယ်၊ လုပ်ငန်းရှင်များ ရင်းနှီးမြှပ်နှံထားတဲ့ လုပ်ငန်းတွေမှ အကျိုးအမြတ်ခံစားရမယ်၊ ကံတတ်နေတဲ့အချိန်ဖြစ်တာကြောင့် လုပ်ငန်းတိုးချဲ့လုပ်ကိုင်သင့်ပါတယ်။

အချစ်ရေး

လူလွတ်များအထီးကျန်ရဦးမယ်၊ အိမ်ထောင်ရှင်များ နားလည်မှုတစ်ခုတည်ဆောက်နိုင်အောင် တစ်ဦးပေါ်တစ်ဦး ပွင့်လင်းမြင်သာအောင်ပြောဆိုရလိမ့်မယ်။

ကျန်းမာရေး

လေးပင်တဲ့ပစ္စည်းတွေ မခြင်းကြောင့် ကျန်းမာရေးထိခိုက်နိုင်တယ်၊ အစာအိမ်နှင့်ပတ်သက်ပြီးလည်း နာမကျန်း ဖြစ်နိုင်တာကြောင့် အစားအသောက်တွေကို ချင့်ချိန်စားသုံးပါ။

ယတြာ

ဘုရားကျောင်းကန်များ၌ ဆီးမီး၊ ပန်း ဆပ်ကပ် ပူဇော်ပါ။

 

 

တနင်္လာသားသမီးများ

ဒီအပတ်တွင်းမှာ တာဝန်ကြီးမားတဲ့ အလုပ်တွေကို လုပ်ကိုင်ရကိန်းရှိတယ်၊ မိတ်ဆွေစစ်တွေရဲ့ အကူအညီဖြင့် အခက်အခဲတွေကို ကျော်လွှားနိုင်မှာပါ၊ အလုပ်ကြောင့် ခရီးထွက်ရကိန်းရှိပါတယ်။

အလုပ်အကိုင်

အလုပ်ကြောင့် ပင်ပန်းနွမ်းနယ်ရမယ်၊ ဒါပေမယ့်လည်း ပြန်လည်ရရှိမယ့် ရလဒ်က အမောပြေစေမှာပါ။

ငွေကြေး

ငွေကြေးအသင့်အတင့်ပိုင်ဆိုင်နိုင်မယ်၊ စုဆောင်းနိုင်ဖို့ခဲယင်းမယ်၊ မလိုအပ်တဲ့ပစ္စည်းတွေကို မဝယ်မိအောင် ထိန်းသိမ်းပါ။

အချစ်ရေး

လူလွတ်များ အချစ်ရေးမှာ ရှုံးနှိမ့်ရမယ်၊ အိမ်ထောင်ရှင်များ လှပတဲ့ အချစ်ရေးကို ပိုင်ဆိုင်နေရတာကြောင့် အခြားအရာများကိုတောင်မေ့လျော့နေလိမ့်မယ်။

ကျန်းမာရေး

ဆီးလမ်းကြောင်းနှင့် ပတ်သက်တဲ့ ရောဂါဝေဒနာခံစားရနိုင်တယ်။

ယတြာ

သင့်ရဲ့မွေးရက်တွင် သံဃာတော်များကိုဆွမ်းလောင်းလှုပါ။

 

 

အင်္ဂါသားသမီးများ

ဘယ်သူ့ကိုမှ တိုင်ပင်ရန်မသင့်လျော်တဲ့ ပြဿနာများနှင့် ရင်ဆိုင်ရလိမ့်မယ်၊ စိတ်ပင်ပန်းရမယ်၊ စကားအပြောအဆိုမတတ်မှုကြောင့် အပေါင်းအသင်းများ လျော့နည်းသွားနိုင်တယ်။

အလုပ်အကိုင်

တစ်ပိုင်တစ်နိုင် ရင်းနှီးထားတဲ့ လုပ်ငန်းများမှ အကျိုးအမြတ်ခံစားရမယ်၊ ဝန်ထမ်းများ လစာတိုးကိန်းရှိတယ်။

ငွေကြေး

ငွေဝင်လမ်းဖြောင့်ဖြူးမယ်၊ ကြွေးမြီများ ပြန်ရကိန်းရှိတယ်။

အချစ်ရေး

လူလွတ်များ အချစ်ရေးကံကောင်းမယ်၊ အိမ်ထောင်သည်များ သားသမီးရတနာထွန်းကားမယ်။

ကျန်းမာရေး

အစားမှားပြီး နာမကျန်းဖြစ်ကိန်းရှိတယ်။

ယတြာ

မရှိဆင်းရဲသားတွေကို တတ်နိုင်သလောက် ပေးကမ်းစွန့်ကျဲပါ။

 

 

ဗုဒ္ဓဟူးသားသမီးများ

ကြိုးစားသမျှ အောင်မြင်ဖြစ်ထွန်းမယ်၊ လုပ်ငန်းခွင်အတွင်း သည်းခံ ကြိုးစားပြီးလုပ်ကိုင်ပါ၊ စိတ်ဓာတ်ကျစရာကိစ္စများဖြင့်ကြုံတွေ့ရကိန်းရှိတယ်၊ သို့ပေမယ့်လည်း အကြီးအကဲများ၏ အကူအညီဖြင့်ကျော်ဖြတ်နိုင်မှာပါ။

အလုပ်အကိုင်

ကြိုးစားတာနှင့် မတန်တဲ့ ရလဒ်ကို ပိုင်ဆိုင်ရလိမ့်မယ်။

ငွေကြေး

ဝင်ငွေထက် ထွက်ငွေပိုများနေတာကြောင့် စိတ်ညစ်ရမယ်။

အချစ်ရေး

လူလွတ်များ ရွေးချယ်စရာခက်လောက်အောင် ချစ်ခင်သူပေါများနေမယ် အိမ်ထောင်သည်များလည်း အချစ်ရေးကံ ကောင်းပါတယ်။

ကျန်းမာရေး

အရိုး၊ အစစ် နှင့်ပတ်သက်တဲ့ ရောဂါဝေဒနာ ခံစားရနိုင်တယ်။

ယတြာ

အားလပ်ချိန်များမှာ စိတ်ငြိမ်အောင် တရားမှတ်ပါ။

 

 

ကြာသပတေးသားသမီးများ

ခရီးထွက်ရကိန်းရှိတယ်၊ ဒုက္ခရောက်တဲ့သူတွေကို ကူညီရလိမ့်မယ်၊ သင့်ထံလာရောက်ချေးငှား သူတွေပေါများလိမ့်မယ်။

အလုပ်အကိုင်

လုပ်ဖေါ်ကိုင်ဖက်တွေရဲ့ဖေးမမှုကြောင့် လုပ်ငန်းခွင်က ပြဿနာတွေကို ကောင်းစွာဖြေရှင်းနိုင်လိမ့်မယ်။ အကြီးအကဲများရဲ့ချစ်ခင် ကြင်နာခြင်းကိုပိုင်ဆိုင်ရလိမ့်မယ်။

ငွေကြေး

ဒီအပတ်တွင်း အရေးတစ်ကြီးငွေသုံးရကိန်းရှိတယ်၊ ငွေကိုချင့်ချိန်ပြီးသုံးပါ၊ စုဆောင်းထားပါ။

အချစ်ရေး

လူလွတ်များ ရည်းစားဟောင်းဖြင့် ပြန်လည်ဆုံတွေ့ရကိန်းရှိတယ်၊ အိမ်ထောင်ရှင်များ အချစ်ရေးကံကောင်းပါတယ်။

ကျန်းမာရေး

အစားအသောက်မှားပြီး နာမကျန်းဖြစ်ကိန်းရှိတယ်၊ ဝ တဲ့သူများ အဝလွန်ပြီးဖြစ်တတ်တဲ့ရောဂါတွေ ခံစားရနိုင်တယ်။

ယတြာ

ဆီမီး၊ ပန်း ဆပ်ကပ်လှုဒါန်းပါ။

 

သောကြာသားသမီးများ

ဒီအပတ်တွင်း ရင်းနှီးမြှပ်နှံထားတဲ့လုပ်ငန်းများမှ အကျိုးအမြတ် ခံစားရမယ်၊ အလုပ်သစ်အကိုင် သစ် စီးပွားရေးခွင်အသစ်တွေ လုပ်ရကိန်းရှိတယ်။

အလုပ်အကိုင်

အကြီးအကဲများ၏ အကူအညီဖြင့် လုပ်ငန်းခွင်အတွင်း ရလဒ်ကောင်းစွာအလုပ်လုပ်နိုင်လိမ့်မယ်။

ငွေကြေး

ကံစမ်းခြင်းမှ ကံထူးကိန်းရှိတယ်၊ ငွေဝင်လမ်းဖြောင့်ဖြူးမယ်။

အချစ်ရေး

လူလွတ်များအချစ်ရေးကိုမေ့လျော်နေရလောက်အောင် အလုပ်များနေမယ်၊ အိမ်ထောင်ရှင်များ အိမ်ထောင်ရေး သာယာမယ်။

ကျန်းမာရေး

အသက်ရှုလမ်းကြောင်းနှင့် ပတ်သက်တဲ့ ရောဂါဝေဒနာတွေခံစားရနိုင်တယ်။

ယတြာ

ဘုရားကျောင်းကန်များတွင် သန့်ရှင်းရေးလုပ်ပြီးကုသိုလ်ယူပါ။

 

စနေသားသမီးများ

ဘယ်မှ မသွားချင်မလာချင်လောက်အောင် အိမ်တွင်းအောင်းနေချင်စိတ်များပေါ်ပေါက်နေမယ်။

အလုပ်အကိုင်

လုပ်ငန်းခွင်အတွင်း အလုပ်သစ်အကိုင်သစ်များလုပ်ကိုင်ရကိန်းရှိတယ်၊ ကိုယ်ပိုင်စီးပွားရေးမှ ငွေဝင်မယ်။

ငွေကြေး

ဝင်ငွေထက် ထွက်ငွေ များနေလိမ့်မယ်၊ ငွေကို ချင့်ချိန်ပြီး သုံးပါ။

အချစ်ရေး

လူလွတ်များ အချစ်ရေးကံမကောင်းပါ၊ အိမ်ထောင်ရှင်များ သားသမီးရတနာထွန်းကားမယ်။

ကျန်းမာရေး

အရိုးအစစ်နှင့် ဆိုင်ရာ ပြဿနာရှိနိုင်တယ်။

ယတြာ

မရှိဆင်းရဲသားများကို ပေးကမ်းစွန့်ကျဲခြင်းဖြင့် ကုသိုလ်ယူပါ။

SHARE THIS NEWS

OTHER NEWS