29 April 2024

ဗန်ကောက်မြို့ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ် အသစ်လဲလှယ်ရန် ရက်ချိန်းတိုကင် ပေးအပ်ခြင်းအား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့မှစ၍ ရပ်နားထားမည်ဟု Myanmar Embassy Bangkok ကကြေညာထားပါတယ်။

ရက်ချိန်းတိုကင်တွေကို သင်္ကြန်ကာလ ကျော်လွန်မှ ပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး၊ ဖွင့်လှစ်မည့်ရက်ကိုလဲ ထပ်မံအသိပေးပါမည်ဟု ဖော်ပြချက်အရသိရပါတယ်။

ယခင်ရက်များတွင် ရက်ချိန်းရရှိထားသူများ၊ call centre မှ ရက်ချိန်းရယူထားသူများ ရုံးဖွင့်ရက်များနှင့် ရုံးဖွင့်ချိန် နံနက် ၀၉၀၀ နာရီတွင် နိုင်ငံကူးလက်မှတ် နေ့ချင်းပြီး ဆက်လက်စတင်ပြုလုပ်ပေးသွားမည်ဟု ဧပြီလ ၃ ရက်နေ့ မြန်မာသံရုံးဖေ့ဘွတ်ခ်စာမျက်နှာတွင်ဖော်ပြထားပါတယ်။

SHARE THIS NEWS

OTHER NEWS