10 May 2024

စက်တင်ဘာ ၂၀ ရက်၊ ၂၀၂၂

.

စက်တင်ဘာ ၁၉ ရက်နေ့တွင် မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က အင်းအာအလုံးအရင်း စီးနင်းကာ ပြည်သူလူ ၁၀၀ ခန့်ကို တရားခံလုပ်ပြီးဖမ်းဆီးထားတယ်ဟု PDF က ထုတ်ပြန်ပါတယ်။

မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် 1107 တပ်ရင်း ဒီးမော့ဆို PDF၊ နေပြည်တော် PDF၊ KNDF၊ KA၊ KGZ၊ URF များ ပူးပေါင်းပြီး ခုခံတိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲမှာတော့ ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်မှ ၃ ဦး ကျဆုံးသွားပါတယ်။ ရဲဘော်လေး ၂ ယောက်နဲ့ ရဲမေလေး ၁ ယောက်လို့ Karenni People’s Page – 2 ကဖော်ပြထားပါတယ်။ စစ်ကောင်စီဘက်ကလဲ ထိခိုက်သေဆုံးမှု များကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှသိရပြီး သေဆုံးမှုများတာကြောင့် အရေအတွက်ကိုမသိရသေးပါ။ စက်တင်ဘာလ (၁၉) ရက်နေ့ နံနက် ၁ နာရီအချိန်လောက်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။ စစ်ကောင်စီဘက်ကမိုးဗြဲမြို့ပေါ်သို့ တာဝေးပစ်လက်နက်ကြီး များနဲ့လှမ်းပစ်တယ်။ နံနက် ၂ နာရီအချိန်လောက်မှာ စစ်ကြောင်း (၂) ကြောင်းဖြင့် မိုးဗြဲမြို့ထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

ယမနေ့ ညနေ ၃ နာရီအချိန်ထိ စစ်ကောင်စီနဲ့ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဝင်များအကြား စစ်ရေးအခြေအနေ ဆက်လက်တင်းမာလျှက်ရှိနေပါသဖြင့် မိဘပြည်သူများအနေဖြင့် လုံခြုံစိတ်ချရသောနေရာတွင် နေထိုင်ပေးကြပါရန်နှင့် ခရီးသွားမိဘပြည်သူများအနေဖြင့် မိုးဗြဲလမ်းကိုအသုံမပြုကြသေးပါရန် (MBPDF) က ထုတ်ပြန်ထားပါတယ်။

.

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS