3 May 2024

ဝင်ကူတိုက်ပေးတဲ့နိုင်ငံမရှိဘဲ အထီးကျန်တဲ့ခုခံစစ်ကို ဆင်နွှဲနေရတယ်လို့ ယူကရိန်းသမ္မတ ဗိုလော့ဒီမာ ဇယ်လန်းစကီး ညည်းတွား။

ရုရှားဘက်ကအင်အားအလုံးအရင်းကျူးကျော်စစ်ဆင်နွှဲလာတာကနေ ယူကရိန်းအရပ်သား ၁၃၀ အသက် သေဆုံးခဲ့ရတဲ့နောက်မှာ ယူကရိန်းဘက်ကဝင်ကူတိုက်ပေးတဲ့နိုင်ငံမရှိဘဲ အထီးကျန်တဲ့ခုခံစစ်ကို ဆင်နွဲ နေရတယ်လို့ ယူကရိန်းသမ္မတ ဗိုလော့ဒီမာ ဇယ်လန်းစကီး ကပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ပြည် သူတွေကို ပြောကြားခဲ့ပါတယ်။

“ကျွန်ုပ်တို့ရဲ့နိုင်ငံကို ကျွန်ုပ်တို့အထီးကျန်စွာကာကွယ်နေရတယ် ကျွန်ုပ်တို့နဲ့အတူပခုံးဖက်ပြီးကူတိုက်မယ့်သူရှိလား ဘယ်နိုင်ငံမှမရှိဘူး ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံအနေနဲ့အသိအမှတ်ပြုရဲတဲ့နိုင်ငံရှိလား အားလုံးကြောက်နေကြတယ်” လို့ ပြည်သူတွေကို ဗီဒီယိုကတဆင့် ပြောကြားခဲ့ပါတယ်။

စစ်ဆင်ရေးစတင်ခဲ့တဲ့ ကြာသပတေးနေ့နံနက်စပြီး အရပ်သားနဲ့စစ်သား ၁၃၇ ဦးအသက်သေဆုံးခဲ့ရသလို ဒဏ်ရာရရှိတဲ့သူဦးရေ ၃၁၆ ဦးရှိပြီလို့ သမ္မတ ကဆိုပါတယ်။

ရုရှားရဲ့ဖျက်ဆီးရေးတပ်ဖွဲ့တွေဟာ ကီးယက်မြို့နားကိုချည်းကပ်လာနေတာကြောင့် မြို့နေပြည်သူ တွေကိုသတိချပ်နေထိုင်ဖို့နဲ့ မာရှယ်လောအမိန့်အောက်မှာနေထိုင်ကြဖို့ ၎င်းကတိုက်တွန်းထားပါတယ်။

 

 

ရုရှားဘက်ကသူ့ကို “နံပါတ် ၁ ပတ်မှတ်” သတ်မှတ်ထားပေမဲ့ သူ့မိသားစုနဲ့အတူယူကရိန်းမှာဆက်ရှိမယ်လို့ဆိုပါတယ်။ “နိုင်ငံ့ခေါင်းဆောင်ကိုရှင်းပစ်တဲ့နည်းနဲ့ ယူကရိန်းရဲ့နိုင်ငံရေးကိုရုရှားကဖျက်ဆီးဖို့ကြိုးစား နေတယ်” လို့ ၎င်းကဆက်လက်ပြောကြားပါတယ်။

တချိန်တည်းမှာ စစ်အင်အားကိုအမြင့်မားဆုံးအဆင့်မှာ မောင်းချိန်ထားဖို့နဲ့ နိုင်ငံတဝန်းလုံးကအရန်တပ်နဲ့စစ်မှုထမ်းတွေကို ခေါ်ယူဖို့ စစ်သေနာပတိချုပ်ကို ညွှန်ကြားထာပြီလို့ သိရပါတယ်။

လတ်တလောမှာ ရုရှားဘက်ကလွှတ်လိုက်တဲ့ဒုံးကျည်မိုးတွေကြောင့် မြို့နေပြည်သူတချို့မြေအောက် ရထားဘူတာထဲဝင်ရောက်ခိုလှုံနေရပြီး ပြည်သူ ၁ သိန်းကျော် စစ်ဘေးရှောင်နေရတယ်လို့သိရပါတယ်။

သတင်း ပလာတူး

SHARE THIS NEWS

OTHER NEWS