3 May 2024

ထိုင်းနိုင်ငံ ရာ့ချ်ဘူရီခရိုင် စွန်ဖူးမြို့နယ်မှာ တရားမဝင်မြန်မာလုပ်သား ၃၄ ဦးနဲ့ကား ၂ စီးကိုဖမ်းမိထားတယ်လို့ ထိုင်းနယ်ခြားစောင့်ခြေလျင်တပ်ရင်း (၉) ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

 

 

အဖမ်းခံရတဲ့အထဲမှာ မြန်မာလုပ်သား ၃၄ ဦး၊ ယာဥ်မောင်းသူ ၂ ဦးနဲ့ ကား ၂ စီးဖြစ်ပါတယ်။ ဖမ်းမိထားတဲ့ ယာဥ်မောင်းသူ ၂ ဦးကို ထိုင်းအာဏာပိုင်တွေစစ်ဆေးမေးမြန်းတော့ မြန်မာလုပ်သားတွေကို Resort တစ်ခုမှာသွားတင်လာတယ်။ ကားခကတော့ မြန်မာလုပ်သားဆီက ၁ ဦးကို ၅၀၀ ဘတ်ရတယ်လို့ ပြောပါတယ်။

 

 

မြန်မာလုပ်သား ၃၄ ဦးမှာ ထားဝယ်ကနေတဆင့် ထိုင်းကိုဝင်လာတာလို့ သိရပါတယ်။ လမ်းတစ်ရက်လျှောက်ပြီးဝင်လာရတယ်။ထိုင်းနိုင်ငံ ရာ့ချ်ဘူရီခရိုင်၊ ဗန်ကောက်၊ ချွန်ဘူရီခရိုင်၊ မဟာချိုင်၊ ဘန်ဘော်မှာအလုပ်လုပ်ဖို့လာခဲ့ရာမှ ထိုင်း-မြန်မာနယ်စပ်မှာ ဖမ်းဆီးခြင်းခံလိုက်ရတာပါ။ တရားမဝင် ဝင်ရောက်မှုနဲ့ယာဥ်မောင်းသူအပါအဝင် အရေးယူခြင်းခံရမှာဖြစ်ပါတယ်။

ကိုချစ် (ဇွဲကပင်မြေ)

ဓါတ်ပုံ – ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี

SHARE THIS NEWS

OTHER NEWS