3 May 2024

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ဉဒေါင်းဌာနီခရိုင် ခေါကဝမ့်မြို့နယ်တွင် ယမန်နေ့ည ၁၉.၄၅ နာရီအချိန်၌ ရထားနှင့်နောက်တွဲပါ ၁၈ ဘီးကုန်တင်ယာဉ်တိုက်မှုဖြစ်ပွား၊ ရထားယာဉ်မောင်းနှင့်စက်ပြင်ဆရာ သေဆုံး။

ယမန်နေ့ (၃၁-၁-၂၀၂၁) ည ၁၉.၄၅ နာရီအချိန်တွင် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ ဉဒေါင်းဌာနီခရိုင်၊ ခေါကဝမ့်မြို့နယ်ရှိ ရထားလမ်းဆုံးတစ်နေရာတွင် ဗန်ကောက်-နောင်းခိုင် အမှတ် ၁၃၄ အမြန်ရထားနှင့်နောက်တွဲပါ ၁၈ ဘီးကုန်တင်ယာဉ်အပြင်းတိုက်မိပြီး ရထားစက်ခေါင်းခန်းကျိုးပဲ့သွားကာ ရထားယာဉ်မောင်းနှင့်စက်ပြင်ဆရာပွဲချင်းပြီး အသက်သေဆုံးခဲ့သည်ဟု သိရသည်။

 

 

သို့သော်ကုန်တင်ယာဉ်မောင်းအပါအဝင် ရထားတွဲဆိုင်း ၉ ဆိုင်းအပေါ်လိုက်ပါစီးနင်းလာသော ခရီးသည် ၈၈ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း ဉဒေါင်းဌာနီခရိုင်းမှုးထံမှ သိရှိရသည်။

ဘုန်ကံခရိုင်မှတင်ဆောင်လာသော ပလောပီနံများကို ပရာကျင်ဘူရီခရိုင်သို့ပို့ဆောင်ရန် မောင်းနင်လာခြင်းဖြစ်ပြီး ရထားလမ်းကူးသို့ရောက်ရှိချိန်တွင် အချက်ပေးခြင်းမတွေ့ရှိသည့်အပြင် ရထားလမ်းပိတ်လက်တံကျလာခြင်းမရှိ၍ မောင်းနင်ဖြတ်ကူးသွားစဉ် နောက်တွဲကိုအရှိန်ဖြင့်ရထားဝင်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ကုန်တင်ကားယာဉ်မောင်းဖြစ်သူ စူရချိုင် အသက် ၃၆ နှစ်က ထွက်ဆိုသည်။

ထိုသို့ အရှိန်ဖြင့်တိုက်မိပြီးနောက် နောက်တွဲပြုတ်ထွက်သွားပြီး ရထားစက်ခေါင်းနှင့်အတူရေမြောင်းထဲသို့လွင့်ချသွားသည်ဟု ဆိုသည်။

 

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS