27 April 2024

မတ်လ ၁၀ ရက်၊ ၂၀၂၂

မီးရထားလမ်းနဲ့ မလွတ်တဲ့နေအိမ်တွေကို ချက်ချင်းဖယ်ခိုင်းလိုက်လို့ ရာနဲ့ချီတဲ့ ပြည်သူတွေမှာ အိုးမဲ့အိမ်မဲ့အဖြစ်သို့ ရောက်သွားခဲ့ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့၊ ဝေသာလီအားကစားကွင်းအနီးမှ စစ်တွေတက္ကသိုလ်အနီးရှိ မီးရထားလမ်းတစ်လျှောက်ရှိ ရထားလမ်းဧရိယာအတွင်းဝင်ရောက်နေထိုင်တယ်လို့ထင်ရတဲ့ နေအိမ် ၁ဝဝ ခန့်ကို ရဲ၊စစ်တပ်နှင့် ထွေအုပ်ဝန်ထမ်းတို့က မတ်လ ၉ ရက်နံနက်တွင် စတင်ဖယ်ရှားလိုက်လို့ ၄င်းနေရာမှာနေထိုင်ခဲ့တဲ့ပြည်သူတွေ နေစရာမရှိဖြစ်နေကြရပါတယ်။

အဲဒီနေရာမှာ နေထိုင်ကြသူတွေမှာ ဒုက္ခသည်တွေသာဖြစ်ပြီး၊ ကျူးကျော်မြေဆိုပြီး စာကပ်ထားတာလဲ မတွေ့မိလို့ ဒေသခံများထံက သိရပါတယ်။ ယခုလို ချက်ချင်းလာရောက်ဖျက်ဆီးလိုက်လို့ ဒုက္ခထပ်ရောက်ရပါတယ်။

အဆိုပါနေရာက ကျူးကျော်မြေတွေဖြစ်လို့ ပြောင်းရရွှေ့ရဖို့ရှိရင် သက်ဆိုင်ရာအစိုးရအနေနဲ့ နေရာတစ်ခုချပေးရန်လိုကြောင်း စစ်တွေမြို့ခံတွေကပြောပါတယ်။

ယခုဖြိုဖျက်ခံရတဲ့ အိမ်တွေမှာနေထိုင်သူများမှာ ရသေ့တောင်မြို့နယ်၊ ကျောက်တော်မြို့နယ်နှင့် ပလက်ဝမြို့နယ်တို့မှ စစ်ရှောင်မိသားစုများနှင့် စစ်တွေမြို့ပေါ်မှ မိသားစုတွေသာဖြစ်တယ်လို့ သိရပါတယ်။

Ref: Narinjara

ဓာတ်ပုံ – ဇော်ဝင်းအောင်

ကိုချစ် (ဇွဲကပင်မြေ)

SHARE THIS NEWS

OTHER NEWS