9 May 2024

နေ့စဉ်နဲ့အမျှစက်သုံးဆီဈေးနှုန်းမြင့်တက်လာပြီးနောက် အိမ်စီးကားများကို လိုအပ်သလောက်သာအသုံးပြုကြရန် ပြည်သူများကို ထိုင်းဝန်ကြီးချုပ် တိုက်တွန်း။

ထိုင်းနိုင်ငံတွင် နေ့စဉ်နဲ့အမျှစက်သုံးဆီဈေးနှုန်းမြင့်တက်လာပြီးနောက် အိမ်စီးကားများကိုလိုအပ်သလောက်သာအသုံးပြုကြရန် ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး(ငြိမ်း) ပရာယွတ် ကျန်အိုချာ က ယမန်နေ့(၇-၃-၂၀၂၂) တွင် တိုက်တွန်းထားသည်။

လတ်တလောဖြစ်ပေါ်နေသည့်အခြေအနေကို လက်သင့်ခံနိုင်ရန်အတွက် အသင့်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအပေါ်သက်ရောက်မှုဖြစ်စေသောပြင်ပအခြေအနေများကိုထွက်ကြည့်သင့်ကြောင်း၊ အစိုးရအနေဖြင့်ပြဿနာကိုအကောင်းဆုံးဖြေရှင်းပေးရန်ကြိုးပမ်းနေကြောင်း၊ ၁၀၀% ဖြေရှင်းပေးနိုင်ရန်မှာမဖြစ်နိုင်ကြောင်း၊ မည်သို့ဆိုစေ ဘတ်ဂျက်အခြေအနေပေါ်မူတည်ပြီး တတ်အားသ၍ ဥပဒေဘောင်အတွင်းမှကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

နေ့စဉ်မြင့်တက်နေသည့်စက်သုံးဆီဈေးနှုန်းနှင့်ပတ်သက်ပြီး အစိုးရအနေဖြင့် သင့်တော်သည့်စီမံချက်များချမှတ်ပြီး အများပြည်သူ၏အခက်အခဲကိုဖြေရှင်းပေးမည်ဖြစ်ကြောင်း၊ သို့သော် အချိန်ကာလမည်မျှကြာမြင့်သည်အထိကျားကန်ပေးနိုင်မည်ကို မပြောနိုင်သေးကြောင်း၊ အများပြည်သူအား နိုင်ငံတော်နှင့်အစိုးရကိုဝန်ရံပေးကြရန်လိုအပ်ကြောင်း သို့သော် လူတစ်ဦးတစ်ယောက်ကိုအတင်းအကျပ်အမိန့်ပေးနိုင်မည်မဟုတ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

နေ့စဉ်နဲ့အမျှစက်သုံးဆီဈေးနှုန်းမြင့်တက်နေ၍ အိမ်စီးကားများကို လိုအပ်သလောက်သာအသုံးပြုခြင်းဖြင့် တတ်နိုင်သမျှစွမ်းအင်ချွေတာသုံးစွဲကြရန် တိုက်တွန်းထားသည်။

အစိုးရအနေဖြင့် အတိုင်းအတာတစ်ခုအထိဆင်းကြည့်ပေးထားကြောင်း၊ သို့သော် ဘတ်ဂျက်အကန့်အသတ်ရှိ၍ စက်သုံးဆီဈေးနှုန်းထပ်မံမြင့်တက်လာလျင် ကိုင်တွယ်ဖြေရှင်းပေးရန်ခက်ခဲကြောင်း၊ ပြည်သူများကိုနားလည်စေလိုကြောင်း ၎င်းက ဆိုသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS