29 April 2024

,

ထိုင်းနိုင်ငံသားကြက်သားသည်တစ်ဦး ဘတ် ၆ သန်းကံထူး၊ ဝေဿဝဏ်နတ်ဘီလူးမင်းကို ယုံယုံကြည်ကြည်ပူဇော်ခြင်းကြောင့် ကံထူးသည်ဟု ဆို။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ရတ်ချဘူရီခရိုင်၊ ရတ်ချဘူရီမြို့နယ်၊ ကော်ဖလပ်ဖလာကျေးရွာအုပ်စုတွင်နေထိုင်သူ အသက် ၃၆ နှစ်ရှိ ထိုင်းနိုင်ငံသားပုဇွန်သည်တစ်ဦးသည် ဘတ် ၆ သန်းကံထူးခဲ့ပြီး နောက် ဝပ်ခေါင်းကရွတ်ရှိ ကုဝေရနတ်မင်း (သို့) ဝေဿဝဏ်နတ်ဘီလူးမင်းကို သွားရောက်ကန်တော့ခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့်သတင်းပတ်တွင် ဝပ်ခေါင်းကရွတ်၌ကျင်းပသည့်ဆွေမျိုးတစ်ဦး၏ ဈာပနအခမ်းအနားကို တက်ရောက်ခဲ့ရာမှ ကျောင်းထိုင်ဆရာတော်က ဉာဏ်တော် ၁၂ လက်မရှိသည့် ဝေဿဝဏ် နတ်ဘီ လူးမင်းရုပ်တုတစ်ဆူကို မိမိအားချီးမြှင့်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ဝေဿဝဏ်နတ်ဘီလူးမင်းရုပ်တုကို ယုံယုံကြည်ကြည်ဖြင့်ပူဇော်ခြင်းကြောင့် ကံပွင့်ကံမြင့်ပြီးကံထူးခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း ပူပူနွေးနွေးသူဌေးက ဆိုသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS