3 May 2024

ရေရှားပါးမှုကြောင့် စစ်ရှောင်နေရတဲ့ ကယား(ကရင်နီ) ပြည်နယ် ကစစ်ရှောင်စခန်းတွေမှာ သောက်သုံးရေအခက်တွေ့နေကြတယ်လို့ သိရပါတယ်။

 

 

အဆိုပါနေရာကို Clean Yangon အဖွဲ့ရေသွားလှူတော့ “ထမင်းဟင်းချက်ဖို့နဲ့  သောက်ရေလေး ရရင်အဆင်ပြေကြပြီ” လို့ ပြောပါတယ်။ ဒါပေမယ့် အဲဒီစစ်ရှောင်စခန်းမှာ သောက်သုံးရေ ပြတ်လပ်နေတာကြောင့် ရက်အတော်ကြာရေမချိုးကြရဘူးလို့ စစ်ရှောင်တွေကပြောပါတယ်။

 

 

“ကျနော်တို့တွေ သွားရောက်တော့ ရေထွက်တဲ့နေရာကနေ ရေစုပ်စက်နဲ့စုပ်တင်ပီး စစ်ဘေးရှောင်တွေရှိတဲ့နေရာကို အခေါက်ခေါက်အခါခါ ပို့ဆောင်မျှဝေပေးဖြစ်တယ်” လို့ Clean Yangon ကပြောပါတယ်။

 

 

ဓါတ်ပုံ – Clean Yangon

SHARE THIS NEWS

OTHER NEWS