27 April 2024

နိုဝင်ဘာ ၁၀ ရက်၊ ၂၀၂၂

မြန်မာမှာ အထွေထွေကျပ်တည်းမှုတွေကြောင့် ပြည်ပထွက်အလုပ်လုပ်သူတွေ အများအပြားရှိလာပါတယ်။ အဲဒီအထဲ မြန်မာအမျိုးသမီးအများစုမှာ ဒူဘိုင်းနဲ့ အိုမန်နိုင်ငံတို့မှာ အိမ်အကူသွားလုပ်ဖို့ရွေးချယ်လာကြပါတယ်။ မိသားစု စီးပွားရေးကျပ်တည်းမှုတွေနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် တစ်လဆယ်သိန်းနီးပါးရှိမယ်ဆိုတဲ မျှော်လင့်ချက်တွေနဲ့ သွားလုပ်ကြတာပါ။

အဲဒီ အိုမန်နဲ့ UAE နိုင်ငံ ဒူဘိုင်းမြို့ ကို အိမ်အကူအဖြစ် ရောက်လာခဲ့ကြပေမယ့် အများစုကတော့အဆင်မပြေမှုတွေကိုသာ ဆက်တိုက်ကြုံနေရတာကို တွေ့ရပါတယ်။ သွားရောက်တဲ့နိုင်ငံရဲ့ လေဆိပ်ရောက်တာနဲ့ ပွဲစားက နိုင်ငံကူးလက်မှတ်ကို သိမ်းယူလိုက်ပြီး၊ အိမ်အကူလုပ်ရမယ့် အိမ်ရှင်ကို ရှာမတွေ့မချင်း မဝရေစာပဲ ကျွေးပြီး အခန်းထဲမှာ ပိတ်လှောင်ထားတယ်လို့ အွန်လိုင်းပေါ်ကနေ အကူညီလှမ်းတောင်းနေတဲ့ မြန်မာမိန်းကလေးတွေက ပြောပါတယ်။

အချို့အမျိုသမီးတွေဆို အလုပ်လုပ်ရပေမယ့် အိမ်ရှင်ကနှိပ်စက်တာနဲ့ ပွဲစားကနှိပ်စက်တဲ့ ဒဏ်မခံနိုင်လို့ မြန်မာမိန်းကလေးအများစုဟာ အခွင့်အရေးရတာနဲ့ ထွက်ပြေးကြတာတွေရှိပါတယ်။ မလုပ်နိုင်လို့တောင်းပြန်မယ်ဆိုလဲ မြန်မာကျပ်ငွေ ၁၀၀ နီးပါးနဲ့ ညီမျှတဲ့ ဒူဘိုင်းငွေကြေးပေးမှပြန်ရမယ်လို့ ပွဲစားတွေက ပြောဆိုထားပါတယ်။

အမျိုးသမီးအများတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေကို ပွဲစားတွေက သိမ်းယူထားတာကြောင့် သူတို့ဟာ တရားမဝင် နိုင်ငံခြားသားတွေအဖြစ် ပုန်းကွယ်နေထိုင်ကြရတာပါ။ အလုပ်အကိုင်မရသေးတဲ့သူတွေဆိုရင် စားရေးသောက်ရေးအတွက် ဘာသာရေးအဆောက်အအုံတွေမှာ လိုက်လံ တောင်းရမ်းနေပြီး လမ်းဘေးမှာဖြစ်သလိုနေရတယ်လို့ ဆိုပါတယ်။

Ref” Khit Thit Media

ဒူဘိုင်းတွင် ဒုက္ခရောက်နေကြသည့် မြန်မာအမျိုးသမီးအချို့ (ပုံဟောင်း)

SHARE THIS NEWS

OTHER NEWS