28 April 2024

ဒဂုံတက္ကသိုလ် ဓာတုဗေဒဌာနမှ မဆောင်းလေပြေ သေဒဏ်ချမှတ်ခံရ၊ မြန်မာမှုဌာနမှ ကိုနိုင်အောင် (ခ) Snake ထောင်ဒဏ်တသက်

ဒဂုံတက္ကသိုလ်၊ ဓာတုဗေဒဌာနမှ ကျောင်းသူတဦးဖြစ်သူ မဆောင်းလေပြေ (ခ) ဇူဇူး နှင့် မြန်မာမှုဌာနမှ ကိုနိုင်အောင် (ခ) Snake တို့ ၂ ဦးကို စစ်ခုံရုံးက မတ်လ ၁၇ ရက်နေ့မှာ ထောင်ဒဏ်တသက်နဲ့ သေဒဏ်တွေအသီးသီးချမှတ်လိုက်တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ ဖေ့ဘွတ်အကောင့်က ဖော်ပြထားပါတယ်။

ပြစ်ဒဏ်ချမှတ်ခံရတဲ့အထဲမှာ လူငယ် ၁၀ ကျော်နဲ့ ဒဂုံတက္ကသိုလ် ဓာတုဗေဒဌာနမှ မဆောင်းလေပြေ (ခ) ဇူးဇူး နှင့် မြန်မာမှုဌာနမှ ကိုနိုင်အောင် (ခ)Snake လည်းပါဝင်တယ်လို့ သိရပါတယ်။

 

 

အဲ့ဒီလူငယ်တွေဟာ မြောက်ဥက္ကလာပအဝိုင်းမှာ အထက် တန်းပြဆရာမတဦးကို သေနတ်နဲ့ပစ်သတ်တာနဲ့ လှိုင်သာယာမြို့နယ်ထဲက ရာအိမ်မှူးကို ပစ်သတ်တဲ့အမှုတွေနဲ့ဆက်စပ်လို့ ကျူးလွန်ခဲ့တယ်ဟု စွပ်စွဲကာ သေဒဏ်ချမှတ်တာဖြစ်တယ်လို့ သိရပါတယ်။

 

ရန်ကုန်မြို့က စစ်အုပ်ချုပ်ရေးကြေငြာထားတဲ့ မြို့တွေမှာ စစ်ကောင်စီက ၄င်းတို့ထုတ်ပြန်ထားတဲ့ ပြစ်မှု ၂၃ မျိုးကို စစ်ခုံရုံးဖွဲ့စစ်ဆေးနေတာဖြစ်ပြီး အဲ့ဒီပြစ်မှုတွေကို အမြင့်ဆုံးပြစ်ဒဏ်များဖြင့်သာ ချမှတ်နေတာဖြစ်ပြီး လက်ရှိအချိန်ထိ မတရားအမိန့်ချခံနေရတဲ့ ကျောင်းသားပြည်သူမြောက်များစွာရှိနေသေးတယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကဆက်ပြီးဖော်ပြထားတာဖြစ်ပါတယ်။

 

အချက်အလက်-ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

SHARE THIS NEWS

OTHER NEWS