11 May 2024

ချင်းရိုင်းခရိုင်၊ မဲ့ဖားလွမ်မြို့နယ်တွင် ကင်းလှည့်နေတဲ့ ထိုင်းအာဏာပိုင်တွေက မသင်္ကာစရာ ကား ၅ စီးကို စစ်ဆေးခဲ့ရာ တရားမဝင်ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၄၄ ဦး (ကျား ၂၂ ဦး, မ၁၇ ဦး , ကလေး ၅ ဦး) တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

 

 

ကနဦးအနေနဲ့ ဖမ်းဆီးရမိခဲ့တဲ့ သူတွေကို ထိုင်းအာဏာပိုင်တွေက ချင်းရိုင်းခရိုင် မဲ့ဖာလွမ် ရဲစခန်းတွင်ထိမ်းသိမ်း ထားလျက်ရှိတယ်လို့သိရပါတယ်။

 

 

 

လက်ရှိမှာ တရားမဝင်ခိုးဝင်မှုနှင့် မူးယစ်ဆေးဝါးတင်ပို့မှုတို့ကို ဟန့်တားရန် မဲ့ဖာလွမ်မြို့နယ်မှာ အင်အားတိုးမြှင့် ချထားလျက်ရှိတယ်လို့သိရပါတယ်၊။

SHARE THIS NEWS

OTHER NEWS