9 May 2024

ဖေဖော်ဝါရီလ ၁၀ ရက်၊ ၂၀၂၂

ထိုင်းကိုဝင်ရောက်ဖို့ ကြိုးစားနေတဲ့ မြန်မာ ၂၃၀ ကျော်ကို နယ်စပ်မှာကင်းလှည့်နေတဲ့ ထိုင်းအာဏာပိုင်တွေက ဖမ်းလိုက်တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

 

 

မြန်မာ-ထိုင်းနယ်စပ် ပရာကျွတ်ခီရီခမ်ခရိုင်ဘက်မှာတော့ တရားမဝင် ဝင်ရောက်ဖို့ ကြိုစားနေတဲ့ မြန်မာနိုင်ငံသား ၃ အုပ်စုဖမ်းမိတယ်။ ၃ အုပ်စုထဲမှာ ၁၈၅ ဦးရှိပါတယ်။ သူတို့ကို ပရာကျွတ်ခီရီခမ်မြို့နယ် ပရာကျွတ်ခီရီခမ်ခရိုုင်မှာ မိတာပါ။

 

 

မြန်မာ-ထိုင်းနယ်စပ် ကန်ကျနဘူရီခရိုင်ဘက်မှာလဲ တရားမဝင် ဝင်ရောက်ဖို့ကြိုးစားနေတဲ့ မြန်မာနိုင်ငံသား နောက်ထပ် ၄ အုပ်စုမိပါတယ်။ ၄ အုပ်စုထဲမှာ မြန်မာနိုင်ငံသား ၄၅ ဦး၊ လမ်းပြ ၄ ဦးနဲ့ ကား ၂ စီးပါ ဖမ်းမိတာပါ။ သူတို့ ဆိုင်ယို့မြို့နယ်နဲ့ ကန်ကျနဘူရီမြို့နယ် ကန်ကျနဘူရီခရိုင်မှာ မိတာပါ။

 

 

အဖမ်းခံရတဲ့ မြန်မာနိုင်ငံသား ၂၃၀ ဦး ပြောပြချက်အရ တို့နိုင်ငံမှာ ကိုဗစ်၁၉ ကူးစက်တယ်၊ နိုင်ငံရေးကလဲ မကောင်းတော့ အလုပ်အကိုင်မရှိကြဘူး။ အဲဒါကြောင့် ပွဲစားကို တစ်ဦးလျှင် ၂၅၀၀၀ ဘတ်ငှားပြီး၊ ထိုင်းကိုလာဖို့ ရွေးချယ်လိုက်တာလို့ ပြောပါတယ်။ ထိုနောက် ထိုင်းကိုတရားမဝင် ဝင်ရောက်လာမှုနဲ့ အရေးယူဆောင်ရွက်ဖို့ ကန်ကျနဘူရီခရိုင် ရဲစခန်းနဲ့ ပရာကျွတ်ခီရီခမ်ခရိုင် ရဲစခန်းက ဖမ်းထားလိုက်တယ်လို့ သိရပါတယ်။

ကိုချစ် (ဇွဲကပင်မြေ)

Photo_Army PR Center

#MingalaparTH #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlif #BKK##Covid19TH #ข่าวแรงงานต่างด้าว #Andrew_KC

SHARE THIS NEWS

OTHER NEWS