3 May 2024

,

ဂျာမနီ ဘူဒက်လီဂါ ထိပ်တန်းအသင်းကြီး ဘိုင်ယန်မြူးနစ်က ဗန်ကောက်တွင်ရုံးခွဲဖွင့်လှစ်ပြီး အာဆီယံ Hub အဖြစ်အသုံးပြုမည်။

အမေရိကားနဲ့တရုတ်ဘောလုံးပရိသတ်ဈေးကွက်တွေကို ခြေဆန့်ပြီးတဲ့နောက်မှာ အာဆီယံ၊ အိန္ဒိယနဲ့သမုဒ္ဒယာဇုန်ကဘောလုံးပရိသတ်ဈေးကွက်ကို ထိုးဖောက်နိုင်ဖို့အတွက် ဂျာမနီရဲ့ ဘိုင်ယန်မြူးနစ်အသင်းက ဗန်ကောက်မှာရုံးခွဲဖွင့်လှစ်ပြီး Hub အဖြစ် လုပ်ငန်းလည်ပတ်သွားမယ်လို့သိရပါတယ်။

ဒေသတွင်းကဘောလုံးပရိတ်သတ်တွေနဲ့ပိုမိုနီးကပ်နိုင်ဖို့၊ အသင်းကကျင်းပတဲ့အစီအစဉ်နဲ့ပရိုဂရမ်အသီးသီးမှာပရိသတ်တွေပိုမိုပါဝင်နိုင်ဖို့၊ လူငယ်ဘောလုံးအဆင့်အတန်းကိုမြှင့်တင်ဖို့အတွက် မဟာမိတ်တွေနဲ့ပိုမိုပူးပေါင်းဆောင်ရွက်မှုပြုနိုင်ဖို့ရည်ရွယ်တယ်လို့ သိရပါတယ်။

ဗန်ကောက်ရုံးခွဲကိုတော့ Maximilian Haschke က မန်နေးဂျင်းဒါရိုက်တာအဖြစ် အုပ်ချုပ်သွားမှာ ဖြစ်ပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS