29 April 2024

ဇူလိုင်လ ၁၂ ရက်၊ ၂၀၂၂

ထိုင်းနိုင်ငံတွင်း ကိုဗစ်၁၉ ထပ်မံကူးစက်မှုဖြစ်လာနိုင်ခြေရှိတယ်လို့ ထိုင်းကျန်မားရေးဌာနများကသုံးသပ်ပြောဆိုထားပါတယ်။ ကိုဗစ်၁၉ စီမံခန့်ခွဲရေးဌာနဘက်က နေ့စဥ်ကူးစက်ခံရတဲ့လူနာအရေအတွတ်ထုတ်ပြန်ချက်ထဲမှာ အဆုတ်ရောင်ရောဂါ လူနာဦးရေ တိုးလာတာကိုတွေ့ရပါတယ်။

ထို့ကြောင့် ၆၀၈ အုပ်စုဖြစ်တဲ့ အသက် ၆၀ နှစ်အထက်ရှိသက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်မိခင်၊ နာတာရှည်အသက်ရှူလမ်းကြောင်းရောဂါ၊ နှလုံးနှင့်သွေးကြောရောဂါ၊ နာတာရှည်ကျောက်ကပ်အားနည်းရောဂါ၊ ဦးနှောက်သွေးကြောရောဂါ၊ အဝလွန်ရောဂါ၊ ကင်ဆာရောဂါ၊ ဆီးချိုသွေးချိုစသည့်ရောဂါအခံ ၇ မျိုးရှိသူများ ကိုဗစ်၁၉ ကာကွယ်ဆေးထပ်မံသွားရောက်ထိုးနှံထားကြဖို့ ထိုင်းဝန်ကြီးချုပ်ကဆိုပါတယ်။

အဆုတ်ကိုတွယ်ကပ်အားပိုကောင်းတဲ့ အိုမီခရွန်မျိုးကွဲသစ် BA.4 – BA.5 ဟာ အန္တရာယ်ရှိတဲ့အတွက် မတ်စ်တပ်ထားရန်နှင့် ကာကွယ်ဆေး ၄ ကြိမ်သွားရောက်ထိုးနှံကြပါ။ ကာကွယ်ဆေးတွေ ထပ်မံထိုးထားကြမယ်ဆိုရင် ရောဂါ၏ပြင်းထန်မှုကို လျှော့ချရန် အထောက်အကူဖြစ်စေတယ်လို့ စီရီရတ်ဆေးရုံအုပ်ဒေါက်တာ ပရာစစ် ဝတ္ထနာဖာ ကပြောပါတယ်။

မိမိကိုယ်ကို ကာကွယ်ဖို့အတွက် လုပ်ဆောင်ရန်လိုတဲ့ လက်ကိုပုံမှန်ဆေးကြောပေးခြင်း၊ အပြင်ထွက်တိုင်းနှာခေါင်းတပ်ဆင်ခြင်းနှင့် တပါးသူတွေနဲ့ခပ်ခွာခွာနေထိုင်ကြဖို့နဲ့ 2U အစီအမံတိုင်း universal and universal vaccination လိုက်လုပ်ကြဖို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

“ပြည်သူများကို သတိပေးချင်တာကတော့ မှောင်ခိုဈေးကွက်နဲ့ အွန်လိုင်းကနေမှာယူတဲ့ဆေးတွေကို မသုံးကြပါနဲ့။ ဘေးထွက်ဆိုးကျိုးများပြီး အန္တရာယ်များပါတယ်။ တကယ်လို့ ကိုဗစ်ကူးစက်ခံရတယ်ဆိုရင် ပြည်သူ့ကျန်းမာရေးဌာနများမှာသွားရောက်ကုသမှုခံယူကြပါ။ ပြည်သူတွေကို ပြုစုစောင့်ရှောက်ဖို့ လုံလောက်တဲ့ ဆေးဝါးတွေ ရှိတယ်” လို့ ထိုင်းဝန်ကြီးချုပ်ပြောတဲ့စကားကို ဝန်ကြီးချုပ်ရုံးကပြောရေးဆိုခွင့်ရှိသူက အတည်ပြု ပြောသွားတာဖြစ်ပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS