27 April 2024

ဗီယက်နမ်နိုင်ငံ ဟာကျန်ပြည်နယ် ရှိ ရွာတစ်ရွာမှာ နှင်းမိုးရွာပြီး အေးခဲနေတဲ့ ပုံတွေဖြစ်ပါတယ်။ လက်ရှိ ဗီယက်နမ်နိုင်ငံမှာ ဟာကျန်ပြည်နယ်ဟာ အပူချိန် အနှုတ် ၁ ဒီဂရီစင်တီဂရိတ် ထိကျဆင်း နေတဲ့ ရွာလေး တစ်ရွာဖြစ်ပါတယ်။

၂၀၂၂ ဖေဖေါ်ဝါရီလ ၂၀ ရက်မှ ၂၁ ရက်အတွင်း နှင်းမိုးရွာခဲ့တာကြောင့် ပုံပါအတိုင်း အသုံးအဆောင်ပစ္စည်းတွေ ဟာ အေးခဲနေခဲ့တာပါ။

 

 

 

အာစီယံနိုင်ငံမှာ ယခင်က နှင်းမိုးရွာခဲ့တာဆိုလို့မြန်မာနိုင်ငံ ပူတာအိုမြို့ပဲရှိပါတယ်။ ယခုနောက်ပိုင်း ရာသီဥတုပြောင်းလဲလာတာကြောင့် ဗီယက်နမ်နိုင်ငံ မြောက်ဖျားစွန်းမှာလဲ နှင်း မိုးရွာနေခဲ့တာဖြစ်ပါတယ်။

ဒါဟာ အနာဂတ်မှာ ဟာကျန်ပြည်နယ်ဟာ ရေခဲတောင်ဒေသကို အလည်သွားချင်တဲ့ အာစီယံခရီးသွားတွေ အတွက် ရွေးချယ်စရာ အလည်အပတ် နေရာ တစ်ခုဖြစ်လာနိုင်ပြီး ခရီးသွားနေရာအသစ်အဆန်းတွေ ဖေါ်ထုတ်တာ အရမ်းတော်တဲ့ ဗီယက်နမ် အစိုးရအတွက်တော့ ရွှေအခွင့်အရေး တစ်ခုဖြစ်လာနိုင်ပါတယ်။

 

 

 

 

 

 

SHARE THIS NEWS

OTHER NEWS