26 April 2024

,

Nakhon Pathom ခရိုင် ယောင်ဝရတ်ရွှေဆိုင်ဖွင့်ပြီး ၃နှစ်အကြာတွင် မကြာခဏဆိုသလို ဘေးဥပဒ်များ ကြုံရသောကြောင့် ကုသိုလ်ကောင်းမှုပြုလုပ်ရကြောင်းကို သတင်းထောက်များက ဖော်ပြခဲ့ပါတယ်။ ထိုကြောင့် အိမ်အသစ်ဆောက်ပြီး Nakhon Pathom ခရိုင်ရှိ ရွာသူရွာသားများနှင့် ဆင်းရဲသားများအတွက် ဒူးရင်းသီး ၊ ဆန် ၊ ခေါက်ဆွဲခြောက် ၊ များကို လှူပေးပြီး ရွာသူရွာသားအများအပြား တန်းစီ နေကြသည်ကိုတွေ့ရပါတယ်။

၃၉နှစ်အရွယ် ရွှေဆိုင်ပိုင်ရှင်အမျိုးသမီး Monrudee က ဒီနေ့ဟာ ရွှေဆိုင်ဖွင့်တာ ၃နှစ်၆လ ဖြစ်ပြီး နေ့ထူးနေ့မြတ်လဲဖြစ်တာကြောင့်အလှူကို ကြီးကြီးကျယ်ကျယ် လုပ်ချင် တာလို့ပြောပါတယ်။ ကုသိုလ်ကောင်းမှု ဘာကြောင့်လုပ်ရလဲဆိုတော့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်တုန်းက ရွှေဆိုင်ကို ကားနဲ့တိုက်မိတဲ့ မတော်တဆ တစ်ခုဖြစ်ခဲ့ပါတယ်။ ကံကောင်းထောက်မစွာ ဘယ်သူမှ မထိခိုက်ခဲ့ပါဘူး။ ဒါကြောင့် ဒီနေ့ ကုသိုလ်ကြီးတစ်ခု လုပ်ချင်ပါတယ်။ ဆန်အိတ် ၃၀၀ ၊ ခေါက်ဆွဲခြောက် ၃၀၀ ကိုယူဆောင်လာပြီး Nakhon Pathom ရှိ နာမည်ကြီး ကွေ့သယို ဆိုင်တွင် အကန့်သတ်မရှိအခမဲ့ လာစားလို့ရအောင် ပြုလုပ်ပေးခဲ့ ပါတယ်။

ထို့အပြင် ရယောင်း ခရိုင်တွင်ရှိသော ခြံထွက်ယိုးဒယားမွန်ထော်ဒူးရင်းသီး အလုံး ၃၀၀ ကို တစ်လုံးကို တစ်ယောက်နှုန်းဖြင့် စောင့်ဆိုင်းနေသည့် ရွာသူရွာသားများကို ဝေမျှပေးခဲ့ပါတယ်။

ယခုအလှူတွင် သံဃာ ၉ ပါး ပင့်ဖိတ်ပြီး ဆွမ်းများကို ကပ်လှူကာ ဆုတောင်း ကုသိုလ်ပြုလုပ်ခဲ့ပါတယ်။ ပြီးနောက် ကောင်းကင်နဲ့မြေကြီးတိုင်တည်ကာ မီးရှူးမီးပန်းများကို ဖောက်ခဲ့ပါတယ်။ မီရှူးမီးပန်းရဲ့ ပေါက်ကွဲတဲ့ အရှိန်ကြောင့် မီးရှူးမီးပန်းအမြီးနံပါတ် ကွဲသွားခဲ့ပါတယ်။ အမြီးနံပါတ်တစ်ခြမ်းသာ ကျန်ခဲ့ပါ တယ်။ ကျန်ခဲ့တဲ့ အမြီးနံပါတ်ကတော့ 08 ဖြစ်ပြီး ထီဝါသနာရှင်များ ထီထိုးရန် အတွက် ဓာတ်ပုံများရိုက်ယူကြပါတယ်။

SHARE THIS NEWS

OTHER NEWS