28 April 2024

ထိုင်းကို MoU နဲ့မြန်မာလုပ်သားတွေကိုပေးဝင်မယ့်ကိစ္စက ဒီလ မတ်လ ၁၇ ရက် ဒါမှမဟုတ် ၁၈ ရက်လောက်မှာ သက်ဆိုင်ရာတွေနဲ့ အေဂျင်စီတွေ စာချုပ်ချုပ်တာတွေလုပ်မယ်။ အဲဒီရက်တွေစာချုပ်ချုပ်ပြီးပြီဆိုရင် မြန်မာ MoU လုပ်သားတွေကို သင်္ကြန်အပြီး ဧပြီလ ၁၈-၁၉ ရက်တွေမှာ မြဝတီ နဲ့ ကော့သောင်းနယ်စပ်ကနေ ထိုင်းကို စတင်စေလွှတ်နိုင်လိမ့်မယ်လို့အလုပ်သမားဝန်ကြီဌာနမှ အေဂျင်စီများကို အကြောင်းကြား ထားတယ်။” လို့တော့ သိရပါတယ်ဟုပြော

မတ်လ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်

မြန်မာ MOU လုပ်သားတွေစေလွှတ်တဲ့ကိစ္စကို ဧပြီလအတွင်းမှာ စတင်မယ်လို့ မြန်မာလုပ်သားအရေးကို စောင့်ကြည့်နေကြတဲ့သူတွေထံကသိရပါတယ်။

ထိုင်းကိုသွားဖို့ အလုပ်သမား စာချုပ်ချုပ်ဆိုရက်မယ့်ရက်ကိုတော့ မတ်လ ၁၇ ရက် သို့မဟုတ် ၁၈ ရက်နေ့မှာစတင်မယ်၊ သင်္ကြန်ပွဲတော်ကာလပြီးတာနဲ့ စေလွှတ်နိုင်လိမ့်မယ်လို့ မဲဆောက်-မြဝတီနယ်စပ် ရွှေ့ပြောင်းလုပ်သားများစောင့်ကြည့်လေ့လာရေးအဖွဲ့ (MMG) အဖွဲ့ခေါင်းဆောင် ဦးအောင်မြတ်ထံကသိရပါတယ်။

“ထိုင်းကို MoU နဲ့မြန်မာလုပ်သားတွေကိုပေးဝင်မယ့်ကိစ္စက ဒီလ မတ်လ ၁၇ ရက် ဒါမှမဟုတ် ၁၈ ရက်လောက်မှာ သက်ဆိုင်ရာတွေနဲ့ အေဂျင်စီတွေ စာချုပ်ချုပ်တာတွေလုပ်မယ်။ အဲဒီရက်တွေစာချုပ်ချုပ်ပြီးပြီဆိုရင် မြန်မာ MoU လုပ်သားတွေကို သင်္ကြန်အပြီး ဧပြီလ ၁၈-၁၉ ရက်တွေမှာ မြဝတီ နဲ့ ကော့သောင်းနယ်စပ်ကနေ ထိုင်းကို စတင်စေလွှတ်နိုင်လိမ့်မယ်လို့အလုပ်သမားဝန်ကြီဌာနမှ အေဂျင်စီများကို အကြောင်းကြား ထားတယ်။” လို့တော့ သိရပါတယ်ဟု ဦးအောင်မြတ်က ပြောပါတယ်။

လက်ရှိစာရင်းအရ ထိုင်းကိုသွားဖို့ အေဂျင်စီတွေထံမှာ မြန်မာလုပ်သားဦးရေ ၁၅,၀၀၀ ခန့်ရှိပါတယ်။ စာချုပ်ချုပ်ထဲကလုပ်ငန်းတွေကတော့ စက်ရုံအလုပ်ရုံ လုပ်ငန်းခွင်များအတွက်တွေပါပဲ။ ဆောက်လုပ်ရေး လုပ်ငန်းခွင်များကို ခွင့်မပြုသေးကြောင်း ဦးအောင်မြတ်က ဆက်ပြောခဲ့ပါတယ်။

ထို့ပြင် ထိုင်းသို့ MoU စနစ်ဖြင့် လုပ်သားစေလွှတ်ရာတွင် ဝန်ဆောင်ခ အနေဖြင့် လုပ်သားတစ်ဦးလျှင် ၃ သိန်း ကျပ်သာ ကောက်ခံရန် အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပေမယ့်၊လက်တွေ့မှာ လုပ်သားတစ်ဦးလျှင် ကျပ်ငွေ ၁၀ သိန်း မှ ၁၅ သိန်းအထိ ဝန်ဆောင်ခ ပေးနေရတယ်လို့ သိရပါတယ်။

.

Ref: KIC

ကိုချစ် (ဇွဲကပင်မြေ)

SHARE THIS NEWS

OTHER NEWS