10 May 2024

သြဂုတ် ၁၅ ရက်၊ ၂၀၂၂

စက်သုံးဆီတွေပြတ်လပ်မှုကြောင့် ဆီရောင်းပေးနေတဲ့ဆိုင်တွေရှေ့မှာ ကားတွေ၊ ဆိုင်ကယ်တွေ ဆီဖြည့်ဖို့တန်းစီစောင့်နေရပါတယ်။ ဆီဖြည့်ရမယ့်နေရာမှာ အကြာကြီးတန်းစီစောင့်နေရတာကြောင့် အလုပ်ချိန်နောက်ကျမှုရှိနေတယ်လို့ သိရပါတယ်။

 

 

မနေ့တုန်းက မန္တလေးမြို့နယ်တွင် ညနေပိုင်းအချိန်လောက်မှာ စက်သုံးဆီအရောင်းဆိုင်များ ဆီများ ပြတ်လပ်နေပြီး ပြည်သူများ ကြိတ်ကြိတ်တိုးနေရတဲ့ရုပ်သံတွေလဲ လူမှုကွန်တွေပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

 

 

ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့တုန်းကလဲ ပြည်တွင်းစက်သုံးဆီဈေးတွေ မြင့်တက်လာပြီးနောက် ရန်ကုန်မှာလည်း စက်သုံးဆီ ပြတ်လာပြီလို့ ရန်ကုန်မြို့ခံ ယာဉ်မောင်းတွေက ပြောပါတယ်။

 

 

ရန်ကုန်မှာဆီပြတ်လပ်နေတဲ့သတင်းတွေ ထွက်လာပြီးနောက် သြဂုတ်လ ၁၃ ရက်နေ့ ရက်စွဲနဲ့ စစ်ကောင်စီက စာထုတ်ပြန်ခဲ့ပါတယ်။  ပြည်တွင်းတွင် စက်သုံးဆီ ပြတ်လပ်မှုများသည် သတင်းအမှားများသာဖြစ်ပြီး  ဆီဆိုင်များကို အရောင်းရပ်ခြင်း၊အကန့်အသတ်ဖြင့် ရောင်းချခြင်းများကို အရေးယူမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

 

 

လက်ရှိတွင် စက်သုံးဆီစျေးနှုန်းများသည် 92 တစ်လီတာလျှင် ကျပ် ၂၃၂၀ မှ ၂၈၅၅ အထိ နေရာအလိုက် စစ်တပ်၊ စက်သုံးဆီ‌ကြီးကြပ်ရေးကော်မတီက သတ်မှတ်ထားပြီး ယင်းစျေးနှုန်းဖြင့်သာ တစ်နိုင်ငံလုံး တပြေးညီ ရောင်းချရမှာဖြစ်ပြီး၊ စက်သုံးဆီ ပြတ်လပ်နေသဖြင့် ဆီပြင်ပစျေးကွက်ပေါ်ထွန်းလာပြီး အဆိုပါ ပြင်ပစျေးကွက်တွင် ဓာတ်ဆီ 92 တစ်လီတာကို ငွေကျပ် ၅၀၀၀ မှ တစ်သောင်းကျော်အထိ စျေးပေါက်နေတယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင်မူ ဓာတ်ဆီ 92 တစ်လီတာ ငွေကျပ် ၁၀၀၀၀ ကျော်အထိ ရောင်းချမှုတွေရှိနေတယ်လို့ သိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

ဓာတ်ပုံ – CJ/ Shwe Phee Myay

SHARE THIS NEWS

OTHER NEWS