9 May 2024

စက်တင်ဘာ ၁၄ ရက်၊ ၂၀၂၂

သမ္မတပူတင်၏ လုပ်ဆောင်ချက်များမှာ ရုရှားနိုင်ငံနှင့် နိုင်ငံသားများ၏ အနာဂတ်ကို ထိခိုက်နစ်နာစေသည့် အတွက် ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုနေကြခြင်းဖြစ်ကာ မဲဝယ်ခြင်း ဒေသအလိုက် ရွေးကောက်ပွဲ မသမာမှုများလည်ရှိတယ်ဟု ရုရှားသတင်းဌာနတစ်ခုဖြစ်သော the Moscow Times ၏ဖော်ပြချက်အတိုင်း Myanmar Now ကဖော်ပြထားပါတယ်။

ယူကရိန်းနိုင်ငံ စစ်မျက်နှာတွင် လတ်တလော နယ်မြေလက်လွှတ်ဆုံးရှုံးမှုများ ကြုံတွေ့လာရပြီးနောက် ကျင်းပလုဆဲဆဲ ရွေးကောက်ပွဲနှင့်အတူ ရုရှားနိုင်ငံ၌ သမ္မတပူတင် ရာထူးမှဆင်းပေးရန် တောင်းဆိုမှုများ ရှိလာပြီး၊ မော်စကိုနှင့် စိန့်ပီတာစဘတ်မြို့တို့မှ ဒါဇင်နှင့်ချီသော တာဝန်ရှိသူများက ထိုသို့ တောင်းဆိုကြခြင်းဖြစ်ကြောင်း ဖော်ပြချက်အရသိရပါတယ်။

ပြည်တွင်းပြည်ပ ဖိအားများ ဆက်တိုက်ရင်ဆိုင်နေရသည့် အသက် ၆၉ နှစ်အရွယ် ရုရှားသမ္မတပူတင်မှာ ကင်ဆာဝေဒနာလဲ ခံစားနေရသည်ဟုလည်း သိရပါတယ်။

Photo: Cj

SHARE THIS NEWS

OTHER NEWS