29 April 2024

ထိုင်းအစိုးရမှရေးဆွဲအတည်ပြုလိုက်သော ကိုယ်ရေးအချက်အလက်ကာကွယ်ရေးအက်ဉပဒေ PDPA (Personal Data Protection Act) သည် (၁-၆-၂၀၂၂) တွင် စတင်အာဏာတည်တော့မည်ဖြစ်ပြီး အဆိုပါဉပဒေစတင်ကျင့်သုံးမည့်သတင်းထွက်ပေါ်ပြီးနောက်တွင် အများပြည်သူကိုထင်ယောင်ထင်မှားဖြစ်စေသော သတင်းအမှားဖြန့်ဝေမှုများရှိနေ၍ ထိုင်းကိုယ်ရေးအချက်အလက်ကာကွယ်ရေးညွှန်ကြားရေးမှူးရုံးမှ သတင်းအမှား ၄ ချက် မေး၊ ဖြေ၊ ရှင်းထားပေးပါတယ်။

မေး။ ကာယကံရှင်ခွင့်ပြုချက်မရဘဲ မိမိရိုက်ကူးသည့်ဓာတ်ပုံ-ဗီဒီယိုတွင် သူတပါးရုပ်ပုံပါရှိနေလျင် PDPA ဉပဒေနှင့်ငြိစွန်းနိုင်သလား?

ဖြေ : ရည်ရွယ်ချက်မရှိဘဲ မိမိရိုက်ကူးသည့်ဓာတ်ပုံ-ဗီဒီယိုတွင် သူတပါးရုပ်ပုံပါရှိနေလျင်၊ ရုပ်ပုံပါရှိသူကိုနစ်နာမှုမဖြေစေလျင်၊ ရိုက်ကူးသူတစ်ဦးတည်းအသုံးပြုရန်ရည်ရွယ်၍ရိုက်ကူးခြင်းဖြစ်လျင် PDPA ဉပဒေနှင့်ငြိစွန်းခြင်းမရှိပါ။

မေး။ ကာယကံရှင်ခွင့်ပြုချက်မရဘဲ သူတပါးရုပ်ပုံပါရှိသည့်ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုကို လူမှုကွန်ရက်မီဒီယာပေါ်ပို့စ်တင်လျင် PDPA ဉပဒေနှင့်ငြိုစွန်းနိုင်သလား?

ဖြေ : တစ်ဉီးတည်းသုံးစွဲသည့်ရည်ရွယ်ချက်ဖြင့်တင်လျင်၊ အကျိုးစီးပွားရှာခြင်းမပြုလျင်၊ ထိုသူအားနစ်နာမှုမဖြစ်စေလျင် PDPA ဉပဒေနှင့်ငြိစွန်းခြင်းမရှိပါ။

မေး။ လုံခြုံရေးကင်မရာ (CCTV) တပ်ဆင်ထားပြီး အသိပေးဆိုင်းဘုတ်မတပ်ဆင်ထားလျင် PDPA ဉပဒေနှင့်ငြိစွန်းနိုင်သလား?

ဖြေ : ရာဇဝတ်မှုကာကွယ်ရန် နှင့် အိမ်ရှင်လုံခြုံရေးအတွက်ရည်ရွယ်၍ အိမ်တွင်းလုံခြုံရေးကင်မရာတပ်ဆင်ခြင်းဖြစ်လျင် PDPA ဉပဒေနှင့်ငြိစွန်းခြင်းမရှိပါ။

မေး ။ ကိုယ်ရေးအချက်အလက်ပိုင်ရှင်ထံမှခွင့်ပြုချက်ရရှိမှသာ အသုံးပြုခွင့်ရှိသလား?

ဖြေ : အောက်ပါအချက်များအတွက် ခွင့်ပြုချက်ရယူရန်မလိုပါ။

-စာချုပ်နှင့်အညီလုပ်ဆောင်ခြင်း

-ဥပဒေအရ အသုံးပြုခြင်း

-လူ့အသက်နှင့်ကိုယ်ခန္ဓာကိုထိန်းသိမ်းကာကွယ်ရန်အသုံးပြုခြင်း

-စာရင်းအင်းဆိုင်ရာသုတေသနပြုရာတွင် အသုံးပြုခြင်း

-အများပြည်သူအကျိုးအတွက်အသုံးပြုခြင်း

-မိမိကိုယ်ကျိုးစီးပွား သို့မဟုတ် ခံစားခွင့်ကိုကာကွယ်ရန် အသုံးပြုခြင်း

အဆိုပါလုပ်ထုံးလုပ်နည်းများသည် မြေပြင်အနေအထားပေါ်မူတည်ပြီး ဖြစ်ရပ်တစ်ခုနှင့် တစ်ခုကွဲပြားခြားနားမှုရှိလာနိုင်ပြီး၊ ထိုင်းဗဟိုရဲဌာနချုပ်ကလဲ အဆိုပါသတင်းထွက်လာပြီး၊ ကောက်နှုတ်လွဲနေမှုအပေါ် ရှင်းလင်းတင်ပြထားပါတယ်။

SHARE THIS NEWS

OTHER NEWS