3 May 2024

၂၀၂၂ ဧပြီလ ၁၁ ရက်နေ့ (ယနေ့) အစောပိုင်းက တာ့ခ်ခရိုင် မဲ့ဆောက်မြို့အထွက် ဟွေ့လျားအုဂိတ် တွင် အာလူးတွေ တင်လာတဲ့ ကုန်တင်ကားကို အာဏာပိုင်တွေက တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် မြန်မာနိုင်ငံသား ၇ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

 

တရားမဝင်မြန်မာနိုင်ငံသား ၇ ဦးကို တင်ဆောင်လာဖို့အတွက် ကုန်တင်ကားသမားဟာ ကားအနောက်မှာ အိပ်ပြီးလိုက်ပါလို့ရနိုင်မယ့် နေရာလေးတစ်ခု ပြုလုပ်ပြီး အာဏာပိုင်တွေကို ရှောင်ရှားဖို့ ကြိုးစားခဲ့ပေမယ့်လည်း အာဏာပိုင်တွေရဲ့တင်းကြပ်စွာစစ်ဆေးခြင်းကြောင့် ဖမ်းဆီးခံခဲ့ရပါတယ်။

လက်ရှိမှာတော့ ကားသမားအပါအဝင် တရားမဝင် မြန်မာနိုင်ငံသား ၇ ဦးကို မဲ့ဆောက်ရဲစခန်းတွင် ထိန်းသိမ်းထားလျက်ရှိပါတယ်။

SHARE THIS NEWS

OTHER NEWS