26 April 2024

ထိုင်းနိုင်ငံ ကန်ကျနဘူခရိုင်နယ်စပ်ဘက်မှာ လူမောင်ခိုနဲ့လာတဲ့မြန်မာနိုင်ငံသားတွေကို နေ့စဥ်ဖမ်းမိတယ်။ တရားမ၀င်ဖြင့်ဖမ်းဆီးခြင်းခံရတဲ့ မြန်မာနိုင်ငံသား ၇၅ ဦးမှာ ကျား ၄၇ ယောက်၊ မ ၃၈ ယောက်၊ လမ်းပြ ၈ ယောက်ကလေး ၁ ယောက်ပါတယ်။ ကုန်ကျစရိတ်ကတော့ ၁၅,၀၀၀ ကနေ ၂၅,၀၀၀ ဘတ်ကုန်ကျခဲ့ကြတယ်ဟု ပြော…..

 

 

ထိုင်းနိုင်ငံ ကန်ကျနဘူခရိုင်နယ်စပ်ဘက်မှာ လူမောင်ခိုနဲ့လာတဲ့မြန်မာနိုင်ငံသားတွေကို နေ့စဥ်ဖမ်းမိတယ်လို့ ဒေသတွင်းမီဒီယာတွေကဖော်ပြထားပါတယ်။ မတ်လ ၈ ရက်နေ့မှာလဲ တရားမ၀င်လာတဲ့မြန်မာနိုင်ငံသားတွေ ၅ ကြိမ်နဲ့ နေရာ ၃ ခုမှာဖမ်းမိတယ်လို့ သိရပါတယ်။

 

 

မြန်မာနယ်စပ် ဘုရားသုံးဆူနဲ့ ထိုင်းနယ်စပ် စံခလဘူမြို့နယ်ရှိတောလမ်းခရီးဖြင့် ထိုင်းကို၀င်ရောက်ဖို့ကြိုးစားနေစဥ် အဖမ်းခံကြရတာပါ။ တရားမ၀င်ဖြင့်ဖမ်းဆီးခြင်းခံရတဲ့ မြန်မာနိုင်ငံသား ၇၅ ဦးမှာ ကျား ၄၇ ယောက်၊ မ ၃၈ ယောက်၊ လမ်းပြ ၈ ယောက်ကလေး ၁ ယောက်ပါတယ်လို့ သိရပါတယ်။

 

 

ထိုင်းအာဏာပိုင်ရဲ့မေးမြန်းသိရှိချက်အရ မြန်မာနိုင်ငံသား ၇၀ ကျော်မှာ မြန်မာနိုင်ငံ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူး၊ ရခိုင်ကနေလာခဲ့ကြတာဖြစ်ပြီး၊ ထိုင်းနိုင်ငံ စမုဆာခွန်၊ ရယောင်း၊ ကန်ကျနဘူရီနဲ့ ဗန်ကောက်တွေမှာ အလုပ်ရဖို့လာခဲ့ကြတာပါ။ ကုန်ကျစရိတ်ကတော့ ၁၅,၀၀၀ ကနေ ၂၅,၀၀၀ ဘတ်ကုန်ကျခဲ့ကြပြီး တရားမ၀င်မှုနဲ့အဖမ်းခံရတဲ့အတွက် ဥပဒေအရ ဆက်လက်အရေးယူမှုတွေ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ကိုချစ် (ဇွဲကပင်မြေ)

ဓါတ်ပုံ -ข่าวภูมิภาคกาญจนบุรี

SHARE THIS NEWS

OTHER NEWS