9 May 2024

အောက်တိုဘာ ၃ ရက်၊ ၂၀၂၂

ကရင်ပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံလာတဲ့ ကရင်ကျောင်းသူကျောင်းသား ၁၀၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက စက်တင်ဘာ ၃၀ ရက်နေ့မှာ မြန်မာနိုင်ငံဘက်ဆီ ပြန်ပို့လိုက်တယ်လို့ Karen Human Rights Group ကဖော်ပြထားပါတယ်။

 

 

အဲဒီလိုပြန်ပို့ချိန်အတွင်း လှေတစ်စီးက နောက်ထပ်လှေတစ်စီးကို တိုက်မိခဲ့တာကြောင့် ရေစီးသန်နဲ့ မြစ်ထဲ လှေနစ်မြုပ်မယ့်အခြေအနေကြုံခဲ့ရပါတယ်။ မတော်တဆဖြစ်ပွားတဲ့နေရာမှာ ထိခိုက်သူရှိ၊ မရှိကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

 

 

ယခုလိုပြန်ရတာလည်း ထိုင်းဘက်က ဖိအားပေးပြန်ခိုင်းတာလို့ Karen Human Rights Group က သူတို့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

 

 

ကိုချစ် ဇွဲကပင်မြေ

ဓါတ်ပုံ – Karen Human Rights Groug

SHARE THIS NEWS

OTHER NEWS